နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား အယ်လ်နန်နီကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်

နိုဝင်ဘာ ၆


အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား အယ်လ်နန်နီကို စာချုပ်သစ်ချုပ်ဆိုရန်ပြင်ဆင်နေ ကြောင်း သိရသည်။

အာဆင်နယ်အသင်းနှင့်ချုပ်ဆိုသည့် စာချုပ်အရ လာမည့်နှစ် ဘောလုံးရာသီတွင် သက်တမ်းကုန်ဆုံး မည်ဖြစ်သည့် အယ်လ်နန်နီကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

အယ်လ်နန်နီသည် မန်ယူအသင်းနှင့်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်း ကွင်းလယ်ပိုင်းတွင် သောမတ်စ်ပါတေးနှင့်တွဲဖက်ကာ ကွင်းလယ်ပိုင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ကျေနပ်စရာကောင်းလှသည့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ယင်းကို ဆက်လက်ထိန်းသိမ်းသွားရန်ဆုံးဖြတ်ခဲ့ပြီး လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင်လည်း အသင်း၏ ပွဲထွက်လူစာရင်း၌ ပုံမှန်ပွဲထွက်ခွင့်ရလာနိုင်သည့် အခြေအနေရှိ နေသည်။

အယ်လ်နန်နီကလည်း အာဆင်နယ်အသင်းက စာချုပ်သစ်ကမ်းလှမ်းလာခဲ့ပါက လက်ခံသွားဖွယ်ရှိ သော်လည်း ဘီဆစ်တပ်အသင်းက ယင်းကို အပြီးသတ်ခေါ်ယူသွားရန် ဆန္ဒရှိနေသည့်အတွက် အာဆင်နယ် အသင်းအနေဖြင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ