နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ခံကစားသမားတစ်ယောက်က ဂိုး ၁၀၀ ပြည့်အောင်သွင်းနိုင်တဲ့ စွမ်းအားရှင် ရာမို့စ်

နိုဝင်ဘာ ၆


၂၀၁၅ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိကစားနေတဲ့ စပိန်နောက်ခံလူရာမို့စ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အင်တာမီလန်နဲ့ ရီးရဲလ်ပွဲမှာ အသင်းအတွက် ဂိုး ၁၀၀ ပြည့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်တို့က အိမ်ကွင်းဘာနေ ဗျူးမှာ ဘန်ဇီမာ၊ ရာမို့စ်နဲ့ ရိုဒရိုင်ဂိုရဲ့အဖိုးတန်ဂိုးတွေနဲ့ ၃−၂ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ရီးရဲလ်အဖွင့်ပွဲ ၂ ပွဲလုံး နိုင်ပွဲပျောက်ထားခဲ့တာကြောင့် ဒီပွဲဟာ ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲဖြစ်သလို အုပ်စုဒုတိယနေရာက ရှက်တာဒိုးနက်စ်နဲ့ ၄ မှတ်စီတူသွားပါပြီ။ ထိပ်ဆုံးက ဂလက် ဘတ်နဲ့လည်း ၁ မှတ်သာကွာပါတော့တယ်။ ဒီပွဲမှာ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နောက်တန်းခံစစ်သမား ရာမို့စ်က တိုနီခရုစ်ရဲ့ထောင့်ကန်ဘောကနေ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ ခေါင်းတိုက်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ အသင်းတစ်သင်းရဲ့ အလယ်တန်းကစားသမားတွေတောင် မစွမ်းဆောင်နိုင်သေးတဲ့ သွင်းဂိုး ၁၀၀ ကို နောက်တန်းသမားဖြစ်တဲ့ ရာမို့စ်က သွင်းဂိုး ၁၀၀ ပြည့်ရအောင် သွင်းခဲ့တဲ့မှတ်တမ်းကောင်းလဲရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ နည်းပြဇီဒန်းက “သူဟာ အမြဲတမ်းအသင်းခေါင်းဆောင်ပါပဲ။ ဦးဆောင်သူပါ။ ဒီနေရာမှာ သူ့ကို အမြဲတမ်းရှိနေစေချင်ပါတယ်။ ဆက်ရှိနေမယ်ဆိုတာလည်း သံသယမရှိပါဘူး။ သူ့ရဲ့သမိုင်းကို ဆက်ရေးပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ