နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီကို ပြန်သွားချင်လှချည်ရဲ့လို့ ငိုလိုက်ယိုလိုက်ဖြစ်ခဲ့တဲ့နေမာက ခုတော့ ဘွာတေးပါတဲ့

နိုဝင်ဘာ ၆


MARCA သတင်းစာကြီးက ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်မှာ PSG နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် နေမာတစ်ယောက် ဘာစီလိုနာအသင်းရဲ့ လက်ရှိအနေအထားတွေကြောင့် ဘာစီကို ပြန်ချင်တာတွေ၊  မွေးရပ်မြေဘရာဇီးလ်ကို ပြန်သွားချင်တာတွေကို ရှေ့တန်းတင်ပြီး ပြင်သစ်မှာမပျော်ရွှင်တော့လို့  ဘာစီကို ပြန်ခေါ်ဖို့နဲ့ PSG ကို ပြောင်းခွင့်ပြုဖို့တွေ ငိုကာယိုကာနဲ့တောင်းဆိုမှုတွေ ခုတော့ဘွာတေးလုပ်လိုက်ပါတယ် လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိ ဘာစီအသင်းအခြေအနေကလည်း စူပါစတားတွေဆီကနေ လစာပေါင် ၁၇၁ သန်းကိုသာ မလျှော့ချနိုင်ခဲ့ရင် ဒေဝါလီခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိနေမာရဲ့လစာ တစ်ပတ်  ပေါင် ၆ သိန်းပေးဖို့ကလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သလိုကြောင့် ကမ်းလှမ်းမှုလည်း မလုပ်နိုင်ကြပါဘူး။ PSG အသင်းကို ၂၀၁၇ ခုနှစ် နွေရာသီက ယူရို ၂၂၂ သန်းနဲ့ရောက်ခဲ့တဲ့နေမာဟာ ၅ နှစ်သက်တမ်းစာချုပ်မကုန်ဆုံးခင် စာချုပ်အသစ်ချုပ်ဆိုဖို့ အသင်းကို တောင်းဆိုထားတယ်လို့ဆိုပါတယ်။ MARCA သတင်းအရတော့ နေမာဟာ အသင်းပိုင်ရှင်ဖြစ်တဲ့ Nasser Al- Khelaifi ကို တိုက်ရိုက်ပြောခဲ့တာပါ။ နေမာက သူ့ကို လက်ရှိလစာအတိုင်းစာချုပ်သက်တမ်းတိုးဖို့အတွက် ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ နေမာဟာ ဒီရာသီမှာ ၆ ပွဲကစား ၂ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးပေးထားပေမယ့် နောက်ဆုံးပွဲမှာ ၂၅ မိနစ်နဲ့ ဒဏ်ရာရလို့ လူစားလဲခဲ့ရပါတယ်။ နေမာဟာ PSG ကိုရောက်ပြီး ၃ ရာသီကျော်မှာ ၉၁ ပွဲကစား၊ ၇၂ ဂိုးသွင်းကာ ၄၅ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ