နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလတွင် ဝင်ငွေရရှိရန် ထိုင်းလေကြောင်းလိုင်းက ဖန်တီးမှုသစ်များ ပြုလုပ်နေ

နိုဝင်ဘာ  ၅၊ ဘန်ကောက်


COVID-19 ကပ်ရောဂါကာလ ခရီးသွားလာမှု ကျဆင်းနေချိန်တွင် ဝင်ငွေရရှိရန်အတွက် ထိုင်းလေကြောင်း လိုင်းက ဖန်တီးမှုအသစ်များ ပြုလုပ်လျက်ရှိသည်။ ထိုင်းလေကြောင်းလိုင်းမှာ ယခုလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ အထွတ်အမြတ်ထားသည့်နေရာ ၉၉ ခုသို့ လှည့်လည်ပျံသန်းမည့် အထူးခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။


အဆိုပါခရီးစဉ်မှာ ပြည်နယ် ၃၁ ခုရှိ ဗုဒ္ဓစေတီ၊ ဘုရားများထံ ပျံသန်းမည်ဖြစ်ပြီး ၃ နာရီကြာမြင့်မည့် ခရီးစဉ်အတွက် ဘတ်ငွေ ၅၉၉၉ မှ ၉၉၉၉ အထိ ပေးရမည်ဖြစ်သည်။ သို့သော် အဆိုပါခရီးစဉ်တွင် လိုက်ပါသည့် ခရီးသည်များကို ဘုရားစာအုပ်များ၊ စားစရာများဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။


ထို့အပြင် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကော်ဖီရောင်းချခြင်း၊ မုန့်ရောင်းချခြင်း၊ အသက်ကယ်အင်္ကျီ အဟောင်းများ၊ လေယာဉ်များတွင်အရေးပေါ်အခြေအနေတပ်ဆင်သည့် ဆင်ခြေလျှောများကို အသုံးပြုကာ အိတ်များ ချုပ်လုပ်ရောင်းချလျက်ရှိသည်။ ထိုင်းလေကြောင်းလိုင်းမှာ တီထွင်ဖန်တီးမှုများပြုလုပ်ပြီး ဝင်ငွေရှာဖွေ နေသော်လည်း ကပ်ရောဂါကာလအတွင်း ကြွေးမြီမြင့်တက်နေဆဲဖြစ်သည်။                                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ