နိုဝင်ဘာ ၅၊ ဝါရှင်တန်
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံတွင် COVID-19 လူနာသစ် ၁၀၀၀၀၀ ကျော် တွေ့ရှိခဲ့ပြီး တစ်ရက်တာ လူနာသစ် စံချိန်တင်ခဲ့သည်။ တစ်ရက်တာ လူနာသစ်တွေ့ရှိမှု မြင့်တက်လာသည့်အပြင် ဆေးရုံတက်ရသည့် အရေအတွက်လည်း မြင့်တက်လာကြောင်း COVID Tracking Project က ဖော်ပြသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၁၀၀ ကျော် ရှိခဲသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး မဲရေတွက်မှုများနှင့်ပတ်သက်သည့် တင်းမာမှုများက COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ် လွှမ်းမိုးသွားသည့် အခြေအနေ ကြုံတွေ့နေသည်။ အမေရိကန်နိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါကြောင့် ဆေးရုံတက်ရသည့် လူနာ ၅၀၀၀၀ ကျော် ရှိနေပြီး ပြီးခဲ့သည့်အောက်တိုဘာလအစောပိုင်းထက် ၆၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် တစ်ရက်တာ ပျမ်းမျှ လူသေဆုံးမှုနှုန်းမှာလည်း တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။
အမေရိကန်နိုင်ငံတွင် COVID-19 လူနာ စံချိန်တင် များပြားလာခြင်းကြောင့် နာကျင်ရကြောင်း၊ သို့သော် ရာသီဥတု အေးလာပြီး လူများ အိမ်ထဲတွင် အနေများလာမည့်အတွက် ယခုထက်ပို၍ ဆိုးရွားသည့် အခြေအနေ ကြုံတွေ့နိုင်ဖွယ် မရှိတော့ကြောင်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်သိုနီဖော်စီက ပြောသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၉ ဒသမ ၅ သန်းနီးပါး ရှိနေပြီး လူ ၂၃၃၀၀၀ ကျော် သေဆုံးခဲ့သည်။
Ref:BBC(KNT)