နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
“အမေ့ခံအတိတ်” ဝက်ဘ်ဆိုက်အနေဖြင့် နိုင်ငံခြားသား သမိုင်းသုတေသီများ မှီငြမ်းပြုရာ ဝက်ဘ်ဆိုက်ဖြစ်လာ

နိုဝင်ဘာ ၅


မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းများအား လေ့လာနိုင်စေရန်အတွက် “အမေ့ခံအတိတ်”(Lost Footsteps)အမည်ရှိ အင်တာနက်ဝက်ဘ်ဆိုက်ကို လွန်ခဲ့သော ၂၀၁၈ ခုနှစ်တွင် စတင်လွှင့်တင်ခဲ့ရာ ယခုအခါ ပြည်တွင်းမှသာမက ပြည်ပနိုင်ငံများမှ သမိုင်းဘာသာရပ်လေ့လာကြသော နိုင်ငံခြားသားများနှင့် ကျောင်းသား၊  ကျောင်းသူများကလည်း ယင်းဝက်ဘ်ဆိုက်အတွင်းသို့ စိတ်ဝင်တစားဝင်ရောက်ကြည့်ရှုလေ့လာကြသည့်အပြင် နိုင်ငံခြားသားသမိုင်းသုတေသီများမှီငြမ်းပြုရာ ဝက်ဘ်ဆိုက်ဖြစ်လာကြောင်း သိရသည်။

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် စီစဉ်လွှင့်တင်ထားသော အဆိုပါ “အမေ့ခံအတိတ်”(Lost footsteps) အမည်ရှိ ဝက်ဘ်ဆိုက်ကို မြန်မာနိုင်ငံမှ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက တည်ထောင်ခြင်းဖြစ်ပြီး ယင်း Website ပေါ်ပေါက်လာစေရေးအတွက် ဒိန်းမတ်အစိုးရမှနေ၍ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို “အမေ့ခံအတိတ်” (Lost footsteps)အမည်ရှိဝက်ဘ်ဆိုက်မှတစ်ဆင့် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့ သမိုင်းများကို လေ့လာလိုသူများအနေနှင့် https://lostfootsteps.org တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး သမိုင်းကြောင်းများကို ခေတ်ကာလအလိုက်၊ ခုနှစ်ပိုင်းခြားအလိုက်လေ့လာနိုင်စေရန် စီစဉ်ပေးထားသည်။

အဆိုပါဝက်ဘ်ဆိုက်ကို တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးသည် ဟားဗတ်၊ ကန်းဘရစ်ချ်၊ ဂျွန်ဟော့ ကင်း စသည့်တက္ကသိုလ်များတွင် တက်ရောက်ခဲ့ပြီး ကန်းဘရစ်ချ်တက္ကသိုလ်မှနေ၍ သမိုင်းဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ 

ဒေါက်တာသန့်မြင့်ဦးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးတစ်ဦးဖြစ်ပြီး အိန္ဒိယအစိုးရမှပေးအပ်ချီးမြှင့်သော အမြင့်ဆုံးအရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ Padma Shri(ပဒုမ္မာသီရိ)ဆုကိုလည်း ရရှိထားသူဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့(YHT)ကို တည်ထောင်သူလည်းဖြစ်သလို လက်ရှိတွင် သမိုင်းဆိုင်ရာစာအုပ်များကို ရေးသားနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ