ရန်ကုန် ဧပြီ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိ စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက် ကုန်များနှင့် အလှူရှင်များမှ လာရောက်လှူဒါန်းထားသည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို ဧပြီ ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြန်လည်၍ထောက်ပံ့ပေးအပ်ခဲ့ကြစဉ်။
ဇင်မင်းထိုက်(ထန်းတပင်)