နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်အုပ်စုတွင်း အောက်ဆုံးအဆင့်ရောက်နေတဲ့ အင်တာတို့ ရှုံးထွက်အဆင့်တက်မယ်လို့ နည်းပြပြော

နိုဝင်ဘာ ၅


အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ မှာ ရီးရဲလ်နဲ့အင်တာတို့ပွဲမှာ ရီးရဲလ်က ၃−၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအုပ်စုမှာ အင်တာဟာ ရမှတ် ၂ မှတ်သာရထားပြီး အုပ်စုရဲ့အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီပွဲမှာ အင်တာတို့ ပထမပိုင်းမှာပင် ဦးဆောင် ၂ ဂိုးပေးခဲ့ရတာပါ။ နောက်ပိုင်းမှ ချေပဂိုး လိုက်သွင်းရင်းရှုံးခဲ့ရတာပါ။ အင်တာရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး နည်းပြကွန်တီက “ဒီပွဲရလဒ်က ကျွန်တော်တို့အားလုံးအတွက် ခါးသီးတဲ့ရလဒ်ပါ။ ဒီလိုပွဲမျိုးမှာ အသင်းအနေနဲ့ တိုးတက်မှုတွေလိုအပ်နေတာ မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ ၂ ဂိုးအရင်ဆုံးသွင်းခံခဲ့ရတယ်။ ဒါကိုအကောင်းဆုံးပြန်လည်ချေပနိုင်ခဲ့ တယ်။ အခွင့်အရေးတချို့ လွဲချော်ခဲ့ရတာကြောင့် ကျွန်တော်တို့အနိုင်ဂိုးမရခဲ့ပါဘူး။ ကျွန်တော်တို့ ဒီပွဲမှာ အရင်ပွဲတွေထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ၊ ပွဲအပေါ်ထားတဲ့စိတ်နေစိတ်ထားတွေကို ကျွန်တော်သဘောကျပါတယ်။ ခြေစွမ်းပိုင်း တိုးတက်လာတယ်ဆိုပေမယ့် စွမ်းဆောင်ရည်နဲ့ ရလဒ်က ထပ်တူမကျခဲ့ပါဘူး။ နောက်ထပ် ၃ ပွဲ ကျန်ပါသေးတယ်။ လက်ကျန်ပွဲတွေမှာ ၉ မှတ်ရနိုင်ပါသေးတယ်။ လက်ရှိအသင်းဟာ ခက်ခဲသွားပြီလို့ ယူဆနိုင်ပေမယ်လို့လဲ ယုံကြည်ပါတယ်”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်တာဟာ ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရခဲ့တာကြောင့် အသင်းရဲ့ပုံစံကောင်း ပျောက်ဆုံးနေပါသေးတယ်။

(SO)






အခြားဆက်စပ်သတင်းများ