နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနားယူခဲ့တဲ့ ရှုံးပွဲမရှိခါဘစ်ကို အနားမပေးလိုသူ မက်ဂရီဂေါ်စိန်ခေါ်

နိုဝင်ဘာ ၅


UFC 254  ပွဲစဉ်မှာ ဂျက်စတင်ဂတ်ဂျီကို အနိုင်ထိုးသတ်ပြီးတဲ့နောက် ခါဘစ်က မိခင်ကိုကတိပေးခဲ့တဲ့ အတိုင်း နောက်ထပ်မထိုးသတ်တော့ဘဲ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက UFC 229 ပွဲစဉ်မှာ ခါဘစ်က မက်ဂရီဂေါ်ကို အနိုင်ယူခဲ့ဖူးပါတယ်။ ခု ခါဘစ်က အနားယူတော့မယ်လို့ ကြေညာတာကိုပဲ မက်ဂရီဂေါ်က ခါဘစ်သူနဲ့နောက်တစ်ကြိမ် မထိုးသတ်ရဲလို့ ထိုးသတ်ရင် သူပြန်ရှုံးမှာသိလို့ဆိုပြီး ကြုံးဝါးလျက်ရှိပါတယ်။ ခါဘစ်ဟာ တစ်ခါမှရှုံးနိမ့်ခြင်းမရှိခဲ့ပေမယ့် သူ့အမေကို ကတိပေးထားတာကြောင့် အနားယူခဲ့တာပါ။ ဒါပေမယ့် မက်ဂရီဂေါ်က ခါဘစ်အနားယူရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိသေးတယ်လို့ ဆိုပါတယ်။ မက်ဂရီဂေါ်က “ခါဘစ်ဟာ တော်တော် ထူးခြားတဲ့ ဖိုက်တာတစ်ဦးပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာအဖြေတစ်ခုရှိပါတယ်။ အဲဒါကို သူတို့သိပါတယ်”လို့ ဆိုပါတယ်။ မက်ဂရီဂေါ်ဟာ သူနဲ့ယှဉ်ပြိုင်ထိုးသတ်မယ့်သူတွေကို ပွဲမစခင်မှာ “ပွဲပြီးရင် ဘာဖြစ်မလဲဆိုတာ မင်းတို့သိပါတယ်”ဆိုပြီး ပြောလေ့ရှိသူပါ။ သူ့ရဲ့ပြောစကားတွေကို တချို့က “ခါဘစ်အနေနဲ့ သူနဲ့ ထိုးရင်ရှုံးမှာ ကြောက်လို့ အနားယူသွားတာ ”လို့ သဘောပေါက်နားလည်ထားကြပါတယ်။ UFC  ပရိသတ်တွေ၊ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်တို့ကတော့ ကြိုးဝိုင်းထဲခါဘစ်ပြန်လာဖို့ မျှော်လင့်နေကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ