နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးရဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးစံချိန်ကောင်းကို လိုက်မီခဲ့တဲ့ မိုဆာလာ

နိုဝင်ဘာ ၅


အသက် ၂၈ နှစ်အရွယ် အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာဟာ ၂၀၁၇ ခုနှစ်က ရိုးမားကနေ လီဗာပူးကိုရောက်ရှိလာပြီး ၃ နှစ်တာကာလအတွင်း သွင်းဂိုး ၁၀၀ ပြည့်အောင် ဂိုးသွင်းနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၂၁ ဂိုးထိ ရရှိလာခဲ့တာကြောင့် လီဗာပူးရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ လက်ရှိရိန်းဂျားအသင်း(စကော့တလန်)နည်းပြစတီဗင်ဂျရတ်ရဲ့ စံချိန်မှတ်တမ်းကောင်းဖြစ်တဲ့ ချန်ပီယံ လိဂ်အတွင်း လီဗာပူးအသင်းရဲ့သွင်းဂိုးအများဆုံးစံချိန်ကိုလည်း လိုက်မီခဲ့ပါပြီ။ ဆာလာဟာ ၃ ရာသီ ကာလမှာပဲ ဂျရတ်ရဲ့စံချိန်ကို လိုက်မီခဲ့တာပါ။ ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ သွင်းဂိုး ၉ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ် အတ္တလန္တာနဲ့ပွဲမှာ ဆာလာနဲ့အတူ လီဗာပူးအသင်းအတွက် တိုက်စစ်ကစားသမားလေး ဂျိုတာကလည်း သူ့ရဲ့ပထမဆုံးဟက်ထရစ်သွင်းဂိုးရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဂျိုတာဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၇ ဂိုးရယူပေးခဲ့ပါတယ်။ ခုဆိုရင် လီဗာပူး မှာ ဆာလာ၊ မာနေ၊ ဂျိုတာတိုက်စစ်အစုအဖွဲ့ကို ပုံမှန်မြင်တွေ့လာရဖွယ်ရှိပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ