နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းက အဓိကကစားသမားနှစ်ဦးဖြစ်သည့် ဒီဘရိုင်းနှင့် စတာလင်တို့ကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်

နိုဝင်ဘာ  ၄


မန်စီးတီးအသင်းက အသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ်ကစားသမား စတာလင်နှင့် ကွင်းလယ်ကစားသမား ဒီဘရိုင်းတို့ကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

ဒီဘရိုင်းနှင့် စတာလင်တို့အနေဖြင့် မန်စီးတီးအသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်ထိ ကျန်ရှိနေသေးသော်လည်း အသင်းက ယင်းတို့ကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၄၀၀,၀၀၀ ထိ ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဒီဘရိုင်းအနေဖြင့် မန်စီးတီးအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၂၀,၀၀၀ နှင့် စတာလင်အနေဖြင့် စတာလင်ပေါင် ၃၀၀,၀၀၀ ရရှိနေပြီး အသင်းက ယင်းတို့နှစ်ဦးကို တူညီသည့် လုပ်ခလစာ ဖြင့် တိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ စာချုပ်သစ်ချုပ်ဆိုမှု အဆင်ပြေပါက ယင်းတို့နှစ်ဦးအနေဖြင့် ပရီးမီးယားလိဂ်တွင် လုပ်ခလစာ အများဆုံး ကစားသမားများဖြစ်လာမည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ