နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုပ်ခလစာကို တောင်းဆိုထားတဲ့အတိုင်းမရရင် အသင်းနဲ့လမ်းခွဲမယ့် အလာဘာ

နိုဝင်ဘာ  ၄


အသက် ၂၈ နှစ်အရွယ် သြစတြီးယားလက်ရွေးစင်နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန် လ ၃၀ ရက်နေ့မှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အသင်း ဘက်ကနေ စာချုပ်အသစ်ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ကစားသမားနဲ့ အေးဂျင့်ဘက်က ဘာမှ တုံ့ပြန်မှုမလုပ်တဲ့ အပြင် စာချုပ်သစ်ကမ်းလှမ်းမှု သတ်မှတ်ရက် အောက်တိုဘာ ၃၁ ရက်လည်း ကျော်လွန်လာခဲ့တာကြောင့် အသင်းက ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်ပါတယ်။ အလာဘာဟာ ၂၀၀၈ ခုနှစ် က ဘိုင်ယန်ကိုရောက်ပြီး ၂၀၁၁ ခုနှစ်မှာ ဟော့ဖန်ဟိမ်းအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ၂၀၁၂ မှာတော့ ဘိုင်ယန်မှာ ပုံမှန်နေရာရရှိခဲ့ပြီး အဓိကနောက်ခံလူဖြစ်လာပါတယ်။ အလာဘာဟာ ဘိုင်ယန်မှာ အောင်မြင်မှုအတော်ရခဲ့ပြီး အဓိကနောက်ခံလူဖြစ်လာပါတယ်။ အလာဘာဟာ ဘိုင်ယန်မှာ အောင်မြင်မှုအတော်ရခဲ့ပြီး အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါဖလား၊ ချန်ပီယံလိဂ်ဖလားအပြင် ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ အခုအခါ မှာတော့ အလာဘာက လုပ်ခလစာများစွာ တောင်းဆိုထားပြီး တောင်းဆိုတဲ့အတိုင်း မရရင်၊ မကမ်းလှမ်းရင် အသင်းကနေထွက်ခွာမယ်လို့ ဆုံးဖြတ်ထားသူပါ။ အလာဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွေကတော့ မန်စီးတီး၊ ဂျူဗင်တပ်၊ မန်ယူ၊ PSG ၊ လီဗာပူးတို့ပဲဖြစ်ပါတယ်။ အခုအခြေအနေအရဆိုရင် အလာဘာဟာ Free Agent ကစားသမားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ခေါ်ယူနိုင်စွမ်းရှိတဲ့ ဂျူဗင်တပ်အသင်းဆီရောက်ဖို့ အလွန်နီးစပ် နေပါတယ်။      (SO)






အခြားဆက်စပ်သတင်းများ