နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှာ ဒဏ်ရာရတွေနဲ့ ကွင်းလယ်က လူမစုံတဲ့ PSG ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် လိုက်ပ်ဇစ်နဲ့တွေ့ဆုံ

နိုဝင်ဘာ  ၄


ဒီကြားရက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် PSG နဲ့ လိုက်ပ်ဇစ်တို့ တွေ့ဆုံကြမှာပါ။ လက်ရှိ PSG နဲ့ လိုက်ပ်ဇစ်ဟာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးနဲ့ ရမှတ်တူအသင်းတွေဖြစ်ပါတယ်။ လောလောဆယ်မှာတော့ PSG ဟာ အမာခံတိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ မပါဝင်နိုင်သလို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဗာရက်တီ၊ ပါရေဒက်စ် တို့လည်း မပါဝင်ပါဘူး။ နောက်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အီကာဒီကလည်း မပါဝင်နိုင်တဲ့အနေအထား ရှိနေပါတယ်။ ဒါကြောင့် PSG တိုက်စစ်မှာ ဂိုးမြူးနေတဲ့ အီတလီတိုက်စစ်မှူးလေး မွိုက်ကင်းကိုပဲ ဆက်ပါဝင် စေမှာဖြစ်ပါတယ်။ မွိုက်ကင်းကို ဒီမာရီယာ၊ ဆာရာဘီယာတို့နဲ့ တွဲဖက်ကစားစေမှာဖြစ်ပါတယ်။ လိုက်ပ်ဇစ် အသင်းမှာ ဒဏ်ရာရကစားသမားတချို့ရှိနေပေမယ့် အဓိကကစားသမားတွေ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး အမာခံ အသင်းသားအားလုံးပါဝင်လာမှာဖြစ်ပါတယ်။ ဒီနှစ်သင်း မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ တွေ့ဆုံထားခဲ့ပြီး PSG က ၃-၀ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဒီနှစ်အုပ်စုပွဲစဉ် ၃ ပွဲမြောက်မှာ ပြန်ဆုံတွေ့နေတဲ့ ဒီနှစ်သင်းရဲ့ပွဲမှာတော့ ဒဏ်ရာရများနေတဲ့ PSG အသင်းက မနှစ်ကလိုတော့ လွယ်ကူစွာ နိုင်ဖို့တော့ လွယ်မယ်မထင်ပါဘူး။   (SO)






အခြားဆက်စပ်သတင်းများ