နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြောင်းအရွှေ့အထမမြောက်ခဲ့တဲ့ လီဗာပူးကစားသမားတွေ အသင်းကို အကျိုးပြုနေ

နိုဝင်ဘာ  ၄


The Althletic သတင်းထောက် ဂျိမ်းပီရက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်း ကနေ ပြောင်းရွှေ့ထွက်ခွာမဲ့ ကစားသမားတွေထဲက အချို့ကစားသမားတွေဟာ အပြောင်းအရွှေ့ အထမမြောက် ဘဲ အသင်းကိုသာ အကျိုးပြုနေတာတွေ ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ရာသီက ကြွက်သား ဒဏ်ရာရခဲ့တဲ့ ရှာကွီရီ ဟာ အသင်းမှာ နေရာမရဖြစ်ခဲ့ပြီး နွေမှာတော့ ဘွန်ဒက်စ်လီဂါကိုပြောင်းရွှေ့ဖို့  အလွန်နီးစပ်ခဲ့ပါတယ်။ ရှာကွီရီရဲ့ ယုံကြည်ချက်ကတော့ လီဗာပူးကနေထွက်ခွါရင် သူ့ကစားသမားဘဝ နောက်ပြန်ဆုတ်ရမှာဖြစ်တာကြောင့် အသင်းပြောင်းခြင်းကိုဖယ်ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်မှုဟာ ကလော့ရဲ့ အသိအမှတ်ပြုမှုကို အရယူ ခဲ့ပါတယ်။ ခုတော့ အသင်းကို တော်တော်အကျိုးပြုနေပါပြီ။ ခံစစ်မှူး ဖိလစ်ဆိုရင်လည်း ဆွမ်ဆီးကိုပြောင်းဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ သဘောတူထားပြီးပါပြီ။ ဒါပေမယ့် နောက်ဆုံးရက်မှာ ဆွမ်ဆီးက ဝုဗ်မှ ရိုင်ယန်ဘားနက်နဲ့ မန်စီးတီးမှ ဂျိူရယ်တို့ကို ခေါ်ယူခဲ့တာကြောင့် ဖီးလစ်ဟာအသင်းမှာပဲ ဆက်ရှိနေပြီး နောက်တန်းခံစစ်နေရာမှာ အသင်းကို အကျိုးပြုနေပါပြီ။ နောက်ပြောင်းရွှေ့မှုကိစ္စတစ်ခုကတော့ ဝက်ဖို့ဒ်တိုက်စစ်သမား ဆာကိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုမှာ ဝက်ဖို့ဒ်က ပြောင်းရွှေ့ကြေးမြင့်မားစွာ တောင်းခံခဲ့တာရယ် ဆက်ဆံရေးမာကျောတာတွေကြောင့် လီဗာပူးတို့က ဝုဗ်အသင်းက ဂျိုတာကိုသာ ပြောင်းလဲခေါ်ယူခဲ့ပါတယ်။ အခုဆိုရင် ဂျိုတာဟာလည်း လီဗာပူး အသင်းအတွက် များစွာ အကျိုးပြုနေပါတယ်လို့ ဖော်ပြလာပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ