နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးနဲ့သက်တမ်းတိုးဖို့လုပ်ဆောင်နေပေမယ့် မရေရာမသေချာသေးတဲ့ ဂွါဒီယိုလာ

နိုဝင်ဘာ  ၄


၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးကိုရောက်ရှိနေတဲ့ နည်းပြ ဂွါဒီယိုလာဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့ မန်စီးတီးတို့ကြား အသင်းဘက်ကရော၊ နည်းပြဘက်ကပါ သက်တမ်းတိုးဖို့အရေး လုပ်ဆောင်နေကြတယ်ဆိုပေမယ့် လက်ရှိအချိန်ထိတော့ ရေရေရာရာ အနေအထားမှာ မရှိပါဘူး။ ဒီအတိုင်းဆို ဇန်နဝါရီလအတွင်း ကစားသမားသစ်ခေါ်ယူရာမှာ ခက်ခဲလာနိုင်တယ်လို့ ဖာဒီနန်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ 

ဖာဒီနန်က “ဂွါဒီယိုလာက အခြားနည်းပြတွေနဲ့ခြားနားတဲ့သူပါ။ သူက ကစားသမားတွေရဲ့ ယုံကြည်မှု ရရှိအောင် စွမ်းဆောင်နိုင်တဲ့နည်းပြမျိုးလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဆောင်းရာသီဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ရာမှာ အသင်းကချိတ်ဆက်တဲ့ကစားသမားတွေက အသင်းမှာ ဂွါဒီယိုလာ ဆက်ရှိ/မရှိ အတိအကျသိလိုကြတယ်။ လက်ရှိနည်းပြဆက်ရှိနေမှာလား၊ ဒါမှမဟုတ် ဘယ်နည်းပြကိုခန့်မှာလဲကိုပါ သိချင်ကြတာပါ။ ဒါကို အသင်းအနေနဲ့ သတိထားဖို့လိုပါတယ် ”လို့ သတိပေးစကားပြောခဲ့ပါတယ်။ အသက် ၄၉  နှစ်အရွယ်ရှိ ဘိုင်ယန်နဲ့ ဘာစီနည်းပြဟောင်း ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၂ လုံးအပါအဝင် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွင်း ဒေသတွင်းဖလား ၃ လုံး ရယူပေးနိုင်ခဲ့သူပါ။    (SO)






အခြားဆက်စပ်သတင်းများ