နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးထိုး၊ တိုက်ကျွေးရေး ဆောင်ရွက်

နိုဝင်ဘာ  ၄


မြန်မာနိုင်ငံရှိ ၅၄ သန်းခန့်ရှိသော လူဦးရေ စုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေး သူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် မွေးကင်းစအရွယ်ကလေးများမှစတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကို စီမံချက်ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ မွေးကင်းစမှ နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်း အစီအစဉ်တွင် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုး တိုက်ကျွေးခြင်းနှင့် ကာကွယ်နိုင်သည့်ရောဂါများအကြောင်းကို မိခင်များအား အသိပညာပေး ဆောင်ရွက် လျက်ရှိသည်။ ကာကွယ်ဆေးထိုးတိုက်ကျွေးရာတွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(PVC) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်၊ အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခြင်း ကို ကိုဗစ်ရောဂါကာလ ကျန်းမာရေးညွှန်ကြားချက်များနှင့် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားမှုများပြားသောရောဂါ များပြားလာပါက လူအင်အား၊ အချိန်၊ ငွေကြေးကုန်ကျမှုများပြားခြင်းနှင့် သေဆုံးခြင်းများဖြစ်စေနိုင်သော ပြည်သူ့ကျန်းမာရေးပြဿနာ များပင်ဖြစ်သည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်သည်။ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိအဖွဲ့အစည်းများ၊ မိဘပြည်သူများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်စေချင် ကြောင်း . . . . . ။






အခြားဆက်စပ်သတင်းများ