နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယင်နာတိုက်ခိုက်မှုအတွက် သြစတြီးယားရဲတပ်ဖွဲ့က လူ ၁၄ ဦးကို ဖမ်းဆီး

နိုဝင်ဘာ ၄၊ ဗီယင်နာ


ပြီးခဲ့သည့်တနင်္လာနေ့က ဗီယင်နာမြို့လယ်တွင် အကြမ်းဖက်သမား အပါအဝင် လူငါးဦး သေဆုံးခဲ့ သည့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သြစတြီးယားရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လူ ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အကြမ်းဖက်သမားမှာ အသက် ၂၀ ဝန်းကျင်ရှိသည့် အစ္စလာမ် အကြမ်းဖက်သမားဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထောင်မှ ပြန်လွတ်လာသူဖြစ်သည်။


အဆိုပါတိုက်ခိုက်မှုတွင် နောက်ထပ်ကျူးလွန်သူများ ပါဝင်ဖွယ်ရှိသည်ဟုယူဆပြီး ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်းကြောင့် ဗီယင်နာမြို့တွင် လုံခြုံရေးတင်းကျပ်ခဲ့သည်။ သို့သော် ယခုအခါတွင် သေနတ်သမားက တစ်ကိုယ်တော် လှုပ်ရှားခဲ့ခြင်းဟု အာဏာပိုင်များက သတ်မှတ်ခဲ့သည်။


သေဆုံးသူ ၄ ဦးအနက် တစ်ဦးမှာ ဂျာမနီအမျိုးသမီးဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ယင်းတို့၏ ဝါဒဖြန့်ချိရေးဗီဒီယိုတွင် ပြောသည်။ သို့သော် သက်သေအထောက်အထား တစ်စုံတစ်ရာ ဖော်ပြခဲ့ခြင်းမရှိပေ။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ