နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာနိုင်ငံတွင် သောင်တင်နေသည့် ဝေလငါးအကောင် ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့

နိုဝင်ဘာ ၄၊ ကိုလံဘို


သီရိလင်္ကာနိုင်ငံတွင် သောင်တင်နေသည့် ဝေလငါးအကောင် ၁၀၀ ကျော်ကို ညဉ့်သန်းခေါင်ယံအချိန် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီး ပင်လယ်ထဲသို့ ပြန်လွှတ်ပေးနိုင်ခဲ့သည်။ ကိုလံဘိုမြို့တောင်ဘက် ပါနာဒူရာမြို့အနီးရှိ ကမ်းခြေတွင် ဝေလငါးအကောင် ၁၀၀ ကျော် သောင်တင်ခဲ့ပြီး ရေကြောင်းပြဝေလငါး ၃ ကောင်နှင့် လင်းပိုင်တစ်ကောင်မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။


သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများ၏ အကူအညီ ရယူပြီး သီရိလင်္ကာရေတပ်က ဝေလငါးများကို ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။  ဒေသခံများက COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ပြီး ဝေလငါးများ ကယ်ဆယ်ရေးလုပ်ငန်းတွင် ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့ကို ကူညီပေးခဲ့သည်။


အဆိုပါဖြစ်ရပ်မှာ သီရိလင်္ကာနိုင်ငံတွင် ဝေလငါးအများဆုံး လာရောက်သောင်တင်မှုဖြစ်သည်။ သို့သော် ဝေလငါးများ သောင်တင်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ ဝေလငါးများ သောင်တင်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ တွက်ဆချက် အမျိုးမျိုးရှိပြီး အချို့ဖြစ်ရပ်များတွင် ဝေလငါးများက ငါးလိုက်ဖမ်းရင်း ကမ်းခြေသို့ရောက်လာခြင်းဟု ဆိုသည်။ ရေကြောင်းပြဝေလငါးများမှာ အုပ်စုဖွဲ့ သွားလာတတ်ခြင်းကြောင့် အစုလိုက် သောင်တင်ကြလေ့ရှိသည်။ ပြီးခဲ့သည့်စက်တင်ဘာလကလည်း သြစတြေးလျနိုင်ငံ တက်စ်မန်နီယာကမ်းရိုးတန်းတွင် ဝေလငါးရာချီ သောင်တင် သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ