နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီဟု ထင်မိကြောင်း ဒေါ်နယ်ထရမ့် ဆို

နိုဝင်ဘာ ၄၊ ဝါရှင်တန်


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီဟု ထင်မြင်မိပြီး အောင်ပွဲခံရန် အသင့်ပြင်ဆင် ထားသည်ဟု ရီပတ်ဗလစ်ကန်ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ပြောသည်။


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၂၃၈ မဲ၊ ဒေါ်နယ်ထရမ့်က  ကိုယ်စားလှယ်မဲ ၂၁၃ မဲ ရရှိထားပြီး နီဗားဒါး၊ ဝစ်ကိုဆင်၊ မစ်ချီဂန်၊ ပင်ဆယ်ဗေးနီးယား၊ မြောက်ပိုင်းကာရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ်များတွင် အဖြေမပေါ်သေးပေ။


သို့သော် အိမ်ဖြူတော် မိန့်ခွန်းပြောပွဲတွင် ဒေါ်နယ်ထရမ့်က "တော်တော်ဝမ်းနည်းစရာကောင်းတဲ့ လူတစ်စုကတော့ သမ္မတ ရွေးကောက်ပွဲမှာ မဲပေးသူတွေရဲ့ အခွင့်အရေးကို ရုပ်သိမ်းဖို့ ကြိုးစားနေကြတယ်။ ဒါကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။ ကျွန်တော့်အထင်တော့ (အမေရိကန်သမ္မတရွေးကောက်ပွဲမှာ) ကျွန်တော်တို့ နိုင်သွားပါပြီ။ အကြီးအကျယ်အောင်ပွဲခံဖို့လည်း အသင့်ပါပဲ"ဟု ဆိုခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ