နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝေလငါးအမြီးရုပ်တုကြောင့် ရထားစက်ခေါင်းမောင်းနှင်သူတစ်ဦး အသက်ဘေးမှ လွတ်မြောက်

နိုဝင်ဘာ ၃၊ အမ်စတာဒမ်


နယ်သာလန်နိုင်ငံမှ ရထားစက်ခေါင်းမောင်းနှင်သူတစ်ဦးမှာ အနုပညာဖန်တီးမှုတစ်ခုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ရော့တာဒမ်မြို့အနီးရှိ စပိုက်နစ်မြို့မှ ရထားတစ်စင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်မတိုင်မီ ဒီအက်ကာဘူတာရုံ ပြေးလမ်းအဆုံးရှိ အတားအဆီးများကို ဝင်တိုက်ပြီး ၃၂ ပေအမြင့်မှ ပြုတ်ကျလုဆဲဆဲဖြစ်ခဲ့သည်။


သို့သော် အနုပညာဖန်တီးမှုတစ်ရပ်အဖြစ် စိုက်ထူထားသည့် ဝေလငါးအမြီးကို ဝင်တိုက်ပြီး လေထဲတွင် တွဲလောင်းအနေအထား ဖြစ်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ရထားပေါ်၌ ရထားစက်ခေါင်းမောင်းသူတစ်ဦးတည်းသာ ရှိခဲ့ပြီး အကူအညီ မပါဘဲ ရထားပေါ်မှ ဆင်းလာနိုင်ခဲ့သည်။ ယင်းကို ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် ဆေးရုံတင်ပို့ခဲ့ သော်လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။


''ဂရုတစိုက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ရထားကို ဘယ်လို အောက်ပြန်ချရမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်နေပါတယ်'' ဟု အရာရှိတစ်ဦးက ပြောသည်။ ဝေလငါးအမြီးဟု အမည်ပေးထားသည့် ရုပ်တုမှာ မာတင်စထရိုက်၏ ဖန်တီးမှုဖြစ်ပြီး ၂၀၀၂ ခုနှစ်က ရထားပြေးလမ်းအဆုံး ရေပြင်ထဲတွင် စိုက်ထူထားခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ