နိုဝင်ဘာ ၃၊ ကာဘူးလ်
အာဖဂန်နစ္စတန်နိုင်ငံရှိ ကာဘူးလ်တက္ကသိုလ်ကို သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် သေနတ်သမားသုံးဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီးနောက် အဆုံးသတ်နိုင် ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်ကြောင်း ဒေသဆိုင်ရာ IS အဖွဲ့က ပြောသည်။ အီရန်စာအုပ်ပွဲတော်အတွက် အစိုးရအရာရှိများ ရောက်လာမည့်အချိန်မတိုင်မီ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သည့်အပြင် နောက်ထပ် လူ ၂၂ ဦး ဒဏ်ရာရခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများအတွက် နိုဝင်ဘာလ ၃ ရက်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် အာဖဂန်နစ္စတန်အစိုးရက ကြေညာခဲ့သည်။ IS အဖွဲ့မှာ ပြီးခဲ့သည့်လက ကာဘူးလ်မြို့ ပညာရေးစင်တာအပြင်ဘက်တွင် လူ ၂၄ ဦး သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုအပါအဝင် ပညာရေးစင်တာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖူးသည်။
Ref:BBC(KNT)