နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးသမား ၇ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၊ ဟောင်ကောင်

ပြီးခဲ့သည့်မေလက ဟောင်ကောင်မြို့ ဥပဒေပြုရေးကောင်စီတွင် တရုတ်အစိုးရကို လိုလားသည့် လွှတ်တော်အမတ်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းကြောင့် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးသမား      ၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ဥပဒေပြုရေးကောင်စီဝင်များကို မထီမဲ့မြင်လုပ်ခြင်း၊ ကြားဝင်စွက်ဖက်ခြင်း စသည့်စွဲချက်များဖြင့် နိုင်ငံရေးသမား ၇ ဦးကို စွဲချက်တင်ထားကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။

အဓိကကျသည့် လွှတ်တော်ကော်မတီတစ်ရပ်အတွက် ဥက္ကဋ္ဌခန့်အပ်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားရာမှာ ပြိုင်ဘက်နိုင်ငံရေးအုပ်စုများကြား တွန်းထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ သို့သော် တရုတ်အစိုးရကို လိုလားသည့် နိုင်ငံရေးသမားတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံရခြင်းမရှိပေ။ ပြီးခဲ့သည့်ဇွန်လတွင် တရုတ် အစိုးရက ဟောင်ကောင်မြို့၌ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းခဲ့ပြီးနောက် တရုတ်အစိုးရအပေါ် ဝေဖန်သူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည့် မေလ ၈ ရက် အစည်းအဝေးကို စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးသား ၆ ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ ၇ ဦးအနေဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံရမည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ