နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှူတိုင်းတာစက်ဖြင့် COVID-19 ရောဂါပိုး ရှိ၊ မရှိကို စက္ကန့်ပိုင်းအတွင်း စစ်ဆေးနိုင်မည့် အလားအလာရှိနေ

နိုဝင်ဘာ ၂၊ လန်ဒန်

ကိုရိုနာဗိုင်းရပ်စ် ရောဂါ စစ်ဆေးမှု နည်းလမ်းသစ်ကို အစောပိုင်း စမ်းသပ်မှုများအရ ရောဂါပိုး ရှိ၊ မရှိ ဆိုခြင်းကို အချိန်စက္ကန့်ပိုင်းအတွင်း ခွဲခြားဖော်ထုတ်နိုင်မည့် အလားအလာရှိနေသည်။ ဝေးလ်နိုင်ငံတွင် အဆင့်မြှင့်တင်ထားသည့် အသက်ရှူတိုင်းတာစက်မှာ COVID-19 ရောဂါနှင့် ရင်ဘတ်ဆိုင်ရာ အခြားရောဂါကူးစက်မှုများကို တမဟုတ်ချင်းနီးပါး ခွဲခြားဖော်ထုတ်နိုင်ကြောင်း သုတေသနတွင် ဖော်ပြသည်။ စကော့တလန်နှင့် ဂျာမနီနိုင်ငံတို့တွင် စမ်းသပ်မှုများ လုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာသည့်ရလဒ်များကို Lancet စာစောင်တွင် ဖော်ပြခဲ့သည်။

ရန်ပုံငွေ ဖူလုံစွာရရှိပါက ယင်းတို့၏ကိရိယာများမှာ လာမည့် ၆ လအတွင်း အသုံးပြုရန် အဆင်သင့်ဖြစ်ဖွယ်ရှိသည်ဟု Imspex Diagnostics ကုမ္ပဏီက ပြောသည်။ '' ကျွန်တော့်အထင် တော်တော်စိတ်ဝင်စားစရာ အလားအလာရှိပါတယ်။ အချိန်တိုအတွင်းမှာပဲ ဆေးရုံပတ်ဝန်းကျင်အပြင်ဘက်မှာ အသုံးများလာနိုင်ပါတယ်။ လေကြောင်းပျံသန်းရေး၊ ပို့ဆောင်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးတွေမှာ အသုံးပြု လာမယ့် အလားအလာရှိပါတယ်'' ဟု Imspex Diagnostics ကုမ္ပဏီကို တည်ထောင်သူ ဆန်တီဒိုမင်ဂွက်ဇ်က ပြောသည်။

မူလက အဆိုပါနည်းပညာကို အဆုတ်ကင်ဆာကဲ့သို့ ရောဂါများကို စစ်ဆေးရန် ရှာဖွေ စစ်ဆေးရန်၊ ဘက်တီးရီးယားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များကို လျင်မြန်စွာ ခွဲခြား ဖော်ထုတ်နိုင်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ရှာဖွေစစ်ဆေးနိုင်ရန် အာရုံစိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Imspex Diagnostics ကုမ္ပဏီ၏ နည်းပညာကို အသုံးပြုပြီး စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့နှင့် ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့ ဆေးရုံများရှိ လူနာများကို စမ်းသပ်မှု ၂ ခု ပြုလုပ်ခဲ့သည်။ လောက်ဘရော့တက္ကသိုလ်မှ ဦးဆောင်သည့် သုတေသနမှာ ကပ်ဘေးအခြေအနေများတွင် အရေးပေါ်ဝန်ဆောင်မှုများကို ကူညီပေးမည့် စမ်းသပ်ရှာဖွေ၊ ခြေရာခံမှုစီမံကိန်းမှတစ်ဆင့် ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။ စမ်းသပ်မှုများအနက် ၈၀ ရာခိုင်နှုန်းတွင် လူနာ၌ COVID-19 ရောဂါပိုး ရှိ၊ မရှိ ဆိုခြင်းကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ပြီး ပန်းနာရင်ကျပ်ရောဂါ သို့မဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်သည့် အဆုတ်ရောင်ရောဂါများနှင့် ခွဲခြားဖော်ထုတ်နိုင်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ