နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဖွန်းမုန်တိုင်းဂိုနီဒဏ် စတင်ခံစားခဲ့ရသည့်မြို့တွင် ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံး

နိုဝင်ဘာ ၂၊ မနီလာ

ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းသို့ တိုင်ဖွန်းမုန်တိုင်း ဂိုနီ (Goni) ဝင်ရောက်တိုက်ခတ်ချိန်တွင် မုန်တိုင်းဒဏ် စတင်ခံစားခဲ့ရသည့်မြို့မှာ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးဖွယ်ရှိသည်ဟု ကြက်ခြေနီအဖွဲ့က ပြောသည်။ လူ ၇၀၀၀၀ နေထိုင်သည့် ဗီရက်မြို့မှာ တိုင်ဖွန်းမုန်တိုင်း ဂိုနီဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရကြောင်း ကြည့်ရှုစစ်ဆေးမှုတွင် မြင်တွေ့ရသည်ဟု ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ဒစ်ဂေါ်ဒွန်က ပြောသည်။ ဗီရက်မြို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ၍ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်ရန် အခက်အခဲရှိ နေကြောင်း၊ ယခုကြုံတွေ့ရသည့် ပျက်စီးဆုံးရှုံးမှုများမှာ ၂၀၁၃ ခုနှစ်က လူ ၆၀၀၀ ကျော် သေဆုံးခဲ့သည့် ဟိုင်ယန်မုန်တိုင်း တိုက်ခတ်မှု၏ ၇၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ဒစ်ဂေါ်ဒွန်က ဆိုသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က တိုင်ဖွန်မုန်တိုင်း ဂိုနီက စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ကာတာဒူနက်စ်ကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၆ ယောက် သေဆုံးခဲ့သည်။ သို့သော် တိုင်ဖွန်းမုန်တိုင်း ဂိုနီမှာ လက်ရှိအချိန်တွင် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့မှ မုန်တိုင်းဒဏ် မခံစားရခဲ့ရသော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် နေထိုင်သူသိန်းချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ တိုင်ဖွန်းမုန်တိုင်းဂိုနီမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ခဲ့သည့် အားအပြင်းဆုံးမုန်တိုင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ