နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်တွက်ဆမရသော သဘာဝဘေး

နိုဝင်ဘာ  ၂

သဘာဝဘေးဟူသည် ရှောင်လွှဲမရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များခံစားရလေ့ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်း တွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက် လှုပ်ရှားလာသည်။ မြန်မာနိုင်ငံပြင်ပရှိ တူရကီနိုင်ငံ အေဂျီယင်ပင်လယ်ကမ်းလွန်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော မြေငလျင်သည် ပြင်းအား မဂ္ဂနီကျု ၆ ဒသမ ၆ အင်အားရှိ မြေငလျင်ကြောင့် သေဆုံးသူ ၄၂ ဦးရှိပြီး ၈၈၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့်ဘူမိဗေဒပညာရှင် များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ အလယ်မှဖြတ်၍ တောင်မြောက်တန်းလျက်အနေအထားဖြင့် တည်ရှိနေသည်။ မြေငလျင်လှုပ်ရှားခြင်းကို ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ကြောင်း ငလျင်ပြင်းဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှုများတတ် ပေသည်။

လူအသေအပျောက်ထိခိုက်ဒဏ်ရာများစွာဖြစ်ပေါ်တတ်သည်။ ငလျင်ဘေးဒဏ်ကျရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ကယ်ဆယ်ကုသရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရပေသည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြရသည်။ ငလျင်ဒဏ်သင့်ဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော လယ်ယာ၊ အိုးအိမ်များနှင့် သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းများကို နိုင်ငံတော်နှင့် ပြည်သူများ၏ စွမ်းအားဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများကို ကြိုတင် ခန့်မှန်းတွက်ချက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးနိုင်သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင် ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါကြောင်း . . . . .  ။    ။






အခြားဆက်စပ်သတင်းများ