မန္တလေး ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်သစ်တောနယ်မြေ (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော)များအတွင်း ပုဂ္ဂလိကကော်ဖီစိုက်ခင်းများအနက် သစ်တောဦးစီးဌာနနှင့်စာချုပ်ချုပ်ဆို ရန်ကျန်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက် နောက်ဆုံးထားပြီး မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးရုံး ဖုန်း-၀၉၂၀၀၀၄၅၂၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးရုံး ဖုန်း ဝ၉-၅၀၃၈၃၄၄၊ ပြင်ဦးလွင်မြို့နယ် သစ်တော ဦးစီးဌာန ဖုန်းဝ၉-၇၉၁၀၇၅၅၀၅ သို့ ဆက်သွယ်ရန်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိပါက ပုဂ္ဂလိက ကော်ဖီစိုက်ပျိုးခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ အသိပေး ကြေညာထားသည်။
မောင်ပြည်သူ(မန္တလေး)