နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာတွင်ရှိသော စည်ပင်ဈေးများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်

လှိုင်သာယာမြို့နယ်တွင် စည်ပင်သာယာဈေးများနှင့် ရပ်ကွက်၊ ကျေးရွာ ပျံကျဈေးများစွာရှိရာ လတ်တလော ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် စည်ပင်သာယာဈေးများတွင် သား၊ ငါးဈေးတန်းများ၌ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဈေးဝယ်နှင့် ဈေးသည်တို့အတွက် လက်ဆေးကန်များထားရှိ၍ ရောဂါကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၀ နှင့်ကျေးရွာအုပ်စု (၉) အုပ်စုရှိရာ စည်ပင်သာယာဈေးပေါင်း ၁၄ ခုနှင့်ပျံကျဈေး ၂၂ ခုရှိပြီး မြို့နယ်တွင် လူစည်ကားဆုံး ဈေးကြီးဖြစ်သော ပိတောက်မြိုင်ဈေးကြီး၌ နေ့စဉ်ဈေးဝယ်လာပြည်သူတို့အား ကိုယ်အပူချိန်တိုင်းသောစက်ဖြင့် တိုင်းတာခြင်း၊ ဈေးဝင်ပေါက်များနှင့် ဈေးပတ်လည်၌ လက်ဆေးကန်များထားရှိခြင်းနှင့် သား၊ ငါးဈေးတန်းအတွင်း ပိုးသတ်ဆေးရည်ဖျန်းခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ “စည်ပင်သာယာဈေးတွေမှာ လက်‌ဆေးကန်တွေထားပြီး ပိုးသတ်ဆေး ရည်တွေ ဖျန်းနေပါတယ်။ စိုးရိမ်စရာတော့မရှိဘူး။ အဓိကပြည်သူပါဝင်ဖို့ပဲ လိုပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနလမ်းညွှန်မှုကို လိုက်နာဖို့လိုမယ်။ လက်ဆေးပါဆိုရင် လက်ဆေးဖို့တော့လိုမယ်”ဟု မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။ လူဦးရေ ၇ သိန်းကျော် ၁၀ သိန်းခန့်ရှိသော လှိုင်သာယာမြို့နယ်တွင် နေ့စဉ်လူစည်ကားရာဈေးကြီးဖြစ်သော ပိတောက်မြိုင်ဈေးကြီးအပြင်ဘက် ဖိုးရာဇာလမ်းမကြီးနှင့် စိန်ပန်းမြိုင်လေးလမ်းပေါ်၌ နေ့၊ ညဈေး သည်များဖြင့် စည်ကားလျက်ရှိသောကြောင့် ဈေးအတွင်းရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်၌ ဈေးအပြင်ပျံကျဈေးတန်းများတွင် လက်ဆေးကန်များနှင့် ပိုးသတ်ဆေးရည်များပက်ဖျန်းရန် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မှုဖြင့် ဈေးဝယ်ပြည်သူများလည်း ပူးပေါင်းပါဝင်လိုက်နာရန်လိုအပ် လျက်ရှိသည်။ . ဓာတ်ပုံ - ကနူး-(၁၁၂)






အခြားဆက်စပ်သတင်းများ