နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါကျွတ်ကာလ မကွေးတိုင်းဒေသကြီး ရေနံချောင်း၌ သစ်သီးဝလံ အရောင်းအဝယ်လိုက်နေ

ရေနံချောင်း၊  နိုဝင်ဘာ  ၁

ဝါကျွတ်ကာလဖြစ်သောကြောင့် သစ်သီးဝလံဈေးကွက်၌ ယခင်တစ်ပတ်ထက် ပိုလိုက်ပိုသွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်မှ လက်လီရောင်းသူအချို့ထံမှ သိရသည်။

ဝါကျွတ်ကာလ အထူးသီးတင်းကျွတ်လဆန်း ၁၂ရက်ကနေစပြီး သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ ယခင်ရက်များထက် သစ်သီးဝလံများဖြစ်သော ပန်းသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ မာလကာသီးများ အရောင်းအဝယ်လိုက်နေကြောင်း သိရသည်။

''ငှက်ပျောသီးကတော့ သိသိသာသာ အဝယ်ပိုလာလာကာ ဝါကျွတ်မှာ အိမ်မှာရိုးရာပွဲတင်တာတွေရှိပြီး မိဘဆွေမျိူးတွေကို ကန်တော့ဖို့အတွက် ဝယ်ကြကြောင်း၊ အခြားနဂါးမောက်သီး၊ စပျစ်၊ ပန်းသီးလည်းအဝယ်ရှိကြောင်း သစ်သီးအရောင်းဆိုင်များမှ သိရသည်။

ရေနံချောင်းမြို့နယ်တွင် ကျောက်ဆည်၊ ပုပ္ပါးဒေသထွက် ငှက်ပျော၊၊ နဂါးမောက်အပြင် မကွေး၊ မန္တလေးမှ သစ်သီးဝလံများကို ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ သစ်သီးဝလံဈေးကွက်တွင် ဖီးခြမ်းငှက်ပျော တစ်ဖီး ကျပ် ၁၀ဝ၀၊ ပွဲတင်ငှက်ပျောကျပ် ၈၀ဝဝန်းကျင်၊ နဂါးမောက်သီးတစ်လုံးလျှင်ကျပ် ၄၀ဝဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။                                                 

ဆန်းညွန့်ရေနံချောင်း






အခြားဆက်စပ်သတင်းများ