နိုဝင်ဘာ ၁ ၊ လန်ဒန်
ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားကြီး ဆာရှောင်ကွန်နရီမှာ အောက်တိုဘာလ ၃၁ ရက် နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အသက် (၉၀) ပြည့်ခဲ့သည့် ရှောင်ကွန်နရီမှာ ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Hunt for Red October ၊ Indiana Jones and the Last Crusade နှင့် The Rock ဇာတ်ကားများတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။
ဆာရှောင်ကွန်နရီမှာ ၁၉၈၈ ခုနှစ်က The Untouchables ဇာတ်ကားတွင် အိုင်ယာလန်ရဲအရာရှိအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အော်စကာဆု ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်က ယင်းကို ဆာဘွဲ့ ချီးမြှင့်ခဲ့သည်။ ဆာရှောင်ကွန်နရီမှာ ဘဟားမားစ်ကျွန်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဆာရှောင်ကွန်နရီမှာ ရုပ်ရှင်လောက၏ အကြီးကျယ်အခမ်းနားဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်သည်ဟု လက်ရှိ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ်က ပြောသည်။
Ref:BBC(KNT)