နိုဝင်ဘာ ၁ ၊ ပါရီ
ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ပစ်ခတ်မှုတွင် ဂရိအော်သိုဒေါက်ဘုန်းကြီးတစ်ပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ အရာရှိများက ပြောသည်။ အဆိုပါပစ်ခတ်မှုတွင် သေနတ်သမား ထွက်ပြေး သွားခြင်းကြောင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့ရသည်။ နောက်ပိုင်းတွင် မျက်မြင်သက်သေများပြောသည့် ပုံပန်း သဏ္ဌာန်နှင့်တူညီသည့် သံသယရှိသူတစ်ဦးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ အဆိုပါဖြစ်ရပ်ကို ပြင်သစ်နိုင်ငံ အာဏာပိုင်များက လူသတ်ရန်ကြိုးပမ်းမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။
ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် အော်သိုဒေါက်ဘုန်းကြီးက ဘုရားကျောင်းပိတ်နေချိန်တွင် ပစ်ခတ် ခံခဲ့ရခြင်းဟု အရာရှိများက ပြောသည်။ ကာကာဗီလာကစ်ဟု အမည်ရသည့် ဘုန်းတော်ကြီးမှာ ဆေးရုံတွင် စိုးရိမ်ရသည့်အခြေအနေဖြင့် ကုသမှုခံယူလျက်ရှိသည်။ ဘုန်းတော်ကြီးမှာ ဝမ်းဗိုက်ကို နှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
Ref:BBC(KNT)