နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ် ပွဲတော်ကာလတွင် ကွမ်းသီးပင်ဘုတ်ဖတ်များဖြင့်ပြုလုပ်သော တစ်ခါသုံး လူသုံးကုန်ပစ္စည်းများ ရောင်းအားကျ

ရန်ကုန် နိုဝင်ဘာ ၁

ယခုနှစ် ပွဲတော်ကာလတွင် ပြည်တွင်း၌ ကွမ်းသီးပင်အခက်အလက်အရင်းမှ ဘုတ်ဖတ်များဖြင့် ပြုလုပ်သော တစ်ခါသုံးလူသုံးကုန်ပစ္စည်းများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးပင်ဘုတ်ဖတ်များဖြင့် ပြုလုပ်ထားသော တစ်ခါသုံးခွက်များနှင့် တစ်ခါသုံးပန်းကန် များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အလှူပွဲများတွင် အသုံးပြုရန်ဝယ်ယူကြသလို တစ်ဆင့်ပြန်ရောင်း သူများကလည်း မှာယူကြကြောင်း၊ ယခုအခါ ပြည်တွင်း၌ COVID-19 ကူးစက်မှုများကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များအနေနှင့် လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သေးသလို အလှူပွဲများလည်း မပြုလုပ်ကြ ခြင်းကြောင့် ထိုပစ္စည်းများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုတ်ဖတ်အသုံးပြုသော တစ်ခါသုံးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခြောက်သွေ့သော ဘုတ်ဖတ်ကုန်ကြမ်းများ အဓိကလိုအပ်ကာ အစိုဓာတ်ရှိပါက မှိုတက်ခြင်း၊ ဖားဥတက်ခြင်းများ အလွယ်တကူ ဖြစ်ပေါ်နိုင်ကာ ကြာရှည်စွာအထားမခံကြောင်း သိရသည်။

ပြည်တွင်း၌သုံးစွဲနေသော တစ်ခါသုံးဖော့ဘူး၊ ဖော့ခွက်များကို ပြန်လည်စွန့်ပစ်သောအခါ အလွယ်တကူ မဆွေးမြေ့သွားသည့်အတွက် ရေမြောင်း ပိတ်ဆို့မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသော ကြောင့် ဘုတ်ဖတ်အသုံးပြု၍ တစ်ခါသုံးခွက်များနှင့် တစ်ခါသုံးပန်းကန်များ တီထွင်ထုတ်လုပ်ရောင်းချ လာကြခြင်းဖြစ်ပြီး ယခုအခါပြည်တွင်းရှိ တိုင်းဒေသကြီးအချို့တွင် ဘုတ်ဖတ်အသုံးပြု၍ တစ်ခါသုံးလူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများ လုပ်ကိုင်လာကြကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ