နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ခန္ဓာသန်စွမ်း၊ စိတ်ရွှင်လန်းရန် လမ်းလျှောက်ပါ

ရန်ကုန်၊  အောက်တိုဘာ ၃၁

COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် ပုံမှန်မဟုတ်သော ဘဝများဖြင့် ဖြတ်သန်းနေကြရသည်။ ပုံမှန် သွားလာလှုပ်ရှားရုန်းကန်နေရာမှ ရောဂါကူးစက်မည့်အရေးကို စိုးထိတ်၍ သွားသတိ၊ စားသတိဖြင့် သွားလာနေ ထိုင်နေကြရသည်။ ဖြစ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရသည်။ COVID-19 ရောဂါကူးစက်မှုဖြစ်ပွားပါက လူရောစိတ်ပါ ညှိုးငယ်ကာ ဝေဒနာဒဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ခံစားကြရသည်။ သောကဖြစ်မှု၊ စိုးရိမ်မှု၊ ပူပန်မှု စသည့် စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ရှိခြင်းမှာ လူတစ်ဦးနှင့် တစ်ဦး မတူညီကြချေ။ ထိုဖြစ်စဉ်များမှ ကျော်လွှားနိုင် ရန် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု(သို့မဟုတ်) လမ်းလျှောက်ခြင်း ပြုလုပ်ခြင်းပင်ဖြစ်သည်။ လမ်းလျှောက် ခြင်းကို နေ့စဉ် နာရီဝက်ခန့်လျှောက်သင့်သည်ဟု ပညာရှင်တို့က ဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်းစေသည်။ အရိုးအဆစ်တို့ကို သန်မာစေနိုင်သည်။ လမ်းများများလျှောက် ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်၏။

အချို့အသက်ရှည်သော အဘိုး၊ အဘွားတို့သည် ကျန်းမာရေးအတွက် သီးသန့်လေ့ကျင့်ခန်းများ မပြုလုပ်ကြ သော်လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့  ကိုယ်လက်လှုပ်ရှားအလုပ်များကို များများလုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြသည်။ ကိုယ်လက်လှုပ်ရှား၊ လမ်းလျှောက်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အဝလွန်မှုကို လျော့ကျ စေနိုင်သည်။ ယနေ့ဖြစ်ပွားမှု များပြားနေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်းရှိ၏။  COVID-19 ရောဂါကြောင့် အိမ်တွင်းနေထိုင်သူတို့မှာ အချိန်မရွေး ရောဂါကူးစက်နိုင်မည့်အရေး တွေးပူနေခြင်း ထက် ကိုယ်လက်လှုပ်ရှားပြုခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊ လက်ဆေးခြင်း၊ Mask တပ်ခြင်းတို့ဖြင့် ကျော်  လွှားကြရပေမည်။

နံနက်ပိုင်းခပ်စောစောတွင် အင်းလျားကန်ပေါင်၊ ကန်တော်ကြီးကန်ပတ်လမ်းနှင့် မြို့နယ်များရှိ ပန်းခြံများ တွင် လူငယ်၊ လူရွယ်များ၊ လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှား မှုပြုနေကြသည်။ အသက်ရှူလေ့ကျင့်ခန်းများ လုပ်ဆောင်နေသည်။ စိတ်ဖိစီးမှု ထွက်ပေါက်အဖြစ် ကျော်ဖြတ်နေ ကြသည်။ COVID-19 ရောဂါကြောင့် ကန့်သတ်နေထိုင်ကြရာတွင် တရားထိုင်ခြင်း၊ မိသားစုပျော်ရွှင်စွာနေထိုင် ခြင်း၊ အတိတ်မှ ပျော်စရာများကို ပြန်လည်တွေးခြင်း၊ အပင်စိုက်ခြင်းကဲ့သို့ နေထိုင်မှုပုံစံများ ပြောင်းလဲကာ နေထိုင်ကြရမည်ဖြစ်ရာ အသက်ရှည်အနာမဲ့ရေး ကပ်ရောဂါဘေးမှ ကြံ့ကြံ့ခံ ကျော်လွှားစေချင်ကြောင်း ။        ။






အခြားဆက်စပ်သတင်းများ