နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလအတွင်း ငါးမွေးမြူရေးကန်များတွင် စုပ်ခွက်ငါးများ ရှင်းလင်းဖယ်ရှားရန် လုပ်သားအင်အားနည်းနေသဖြင့် အခက်အခဲများရှိ

ရန်ကုန်  အောက်တိုဘာ  ၃၁


ယခုကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံအောက်ပိုင်းရှိ ငါးမွေးမြူရေးကန်များတွင် စုပ်ခွက်ငါးများ ဝင်ရောက်မှုကို ရှင်းလင်းဖယ်ရှားရန် လုပ်သားအင်အားနည်းနေသဖြင့် အခက်အခဲများရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီးရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုအခါ ရန်ကုန်ုတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးမြူရေး ကန်အချို့တွင် စုပ်ခွက်ငါးများရောက်ရှိလာကြပြီး ယင်းတို့၏ မြေကြီးများကို တူးဆွလေ့ရှိသော အပြုအမူများ  ကြောင့် ကန်ပေါင်များ ပြိုကျပျက်စီးကာ ကန်တိမ်ကောခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့အပြင် စုပ်ခွက် ငါးများသည် ရေမှော်ပင်၊ ကြာပင်၊ ဒိုက်ပင် စသည့် သဘာဝအပင်ငယ်မျိုးစုံကို စားသုံးလေ့ရှိခြင်းကြောင့် အခြားသော ငါးမျိုးများအနေနှင့် ရှင်သန် နေထိုင်စားသောက်ရန် စားကျက်နယ်မြေရှားပါးခြင်း အခက်အခဲများ ကြုံတွေ့လာရကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ် အပါအဝင် မြစ်ချောင်းများတွင် စုပ်ခွက်ငါးများ အများအပြား ပေါက်ပွားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် အခြား ငါးမျိုးများ ရှားပါးပြုန်းတီးမှုများဖြစ်ပေါ်လာကြောင်း ပြည်တွင်းရှိ သုတေသနပညာရှင်များ၏ ပြောကြားချက် အရ သိရသည်။

စုပ်ခွက်ငါးသည် ပြည်ပငါးမျိုးရင်းတစ်ခုဖြစ်ပြီး တောင်အမေရိကတွင် အများဆုံးတွေ့ရကာ မြန်မာ နိုင်ငံတွင် အလှမွေးငါးအဖြစ် ရောင်းချခြင်း၊ မွေးမြူခြင်းများ ပြုလုပ်ကြကြောင်း၊ ထို့နောက် အချို့သော စုပ်ခွက်ငါးများကို မြစ်ချောင်းအင်းအိုင်များတွင် ပြန်လည်စွန့်ပစ်ကြရာမှ ပြည်တွင်း၌ အများအပြား ပေါက်ပွား လာခြင်းဖြစ်ကြောင်း သိရသည်။

စုပ်ခွက်ငါးများသည် တစ်သားပေါက်လျှင် အကောင်ရေ ၂၀ဝ၀ ခန့်အထိ ပေါက်ပွားလေ့ရှိပြီး ထိုသို့ ပေါက်ပွားမှုနှုန်းမြင့်သော်လည်း ပြည်တွင်း၌စားသုံးနေကျ ငါးမျိုးရင်းမဟုတ်သဖြင့် ဒေသခံပြည်သူများက စားသုံးခြင်းမရှိသောကြောင့် မြစ်ချောင်းအင်းအိုင်များတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ