နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းပက်လက်ကုလားထိုင်များ ပြန်လည်ရောင်းချလာရသော်လည်း အသုံးပြုသော ထန်းလက်ကုန်ကြမ်းများ ရရှိရန်အတွက် အခက်အခဲရှိနေ

ကျောက်ပန်းတောင်း အောက်တိုဘာ  ၃၁


အညာဒေသများတွင် ထန်းပက်လက်ကုလားထိုင်များ ပြန်လည်ရောင်းချလာရသော်လည်း ထန်းတက် သူ နည်းပါးသွားခြင်းကြောင့် ထန်းပက်လက်ကုလားထိုင်များပြုလုပ်ရာတွင် အသုံးပြုသော ထန်းလက် ကုန်ကြမ်းများ ရရှိရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

ယခုကိုဗစ်ကာလအတွင်း အညာဒေသများတွင် ထန်းပက်လက်ကုလားထိုင်များ အရောင်းအဝယ်မရှိ ဖြစ်ခဲ့ပြီး ယခုအခါ ပြန်လည်ရောင်းချလာရသော်လည်း သင့်တော်သော ထန်းလက်ကုန်ကြမ်းရရှိရန် အခက်အခဲရှိနေကြောင်း၊ ထန်းလက်များတွင် ထန်းကြီးလက်နှင့် ထန်းရိုင်းလက်ဟူ၍ ၂ မျိုးရှိသည့် အနက် ထန်းကြီးလက်သည် ဗျက်ပိုကြီးသောကြောင့် ထန်းပက်လက်ကုလားထိုင်များ ပြုလုပ်ရာတွင် ထန်းကြီး လက်များကို အသုံးပြုကြကြောင်း သိရသည်။

ထန်းပက်လက်ကုလားထိုင်ပြုလုပ်ရန် ထန်းကြီးလက်များကို ထန်းပင်များမှခုတ်ယူပြီး နေပူခံကာ အခြောက်လှန်းထားရကြောင်း၊ ယင်းသို့ နေပူခံကာ အခြောက်လှန်းထားသော ထန်းလက်များဖြင့် ပြုလုပ် သော ပက်လက်ကုလားထိုင်များသည် ရေရှည်ခိုင်ခန့်မှုရှိပြီး ထန်းပက်လက်ကုလားထိုင် ၁ လုံးတွင် စုစုပေါင်း ထန်းလက် ၂၀ ခန့်အသုံးပြုရကြောင်း သိရသည်။

ထန်းပက်လက်ကုလားထိုင်များကို ထန်းသားများဖြင့် သီးသန့်ပြုလုပ်ကာ ရောင်းချသူများရှိသလို ထန်းသားနှင့်ဝါးရော၍ ပြုလုပ်ပြီး ရောင်းချသူများလည်းရှိသည်။ ထန်းသားသီးသန့်ဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်များသည် ဝါးနှင့်ရော၍ ပြုလုပ်ထားသည့် ပက်လက်ကုလားထိုင်များထက် ပိုမိုခိုင်ခံ့ပြီး  ဈေးပိုရကြကြောင်း၊ ယခင်နှစ်က ထန်းပက်လက်ကုလားထိုင် ၁ လုံးလျှင် ငွေ ၄၀ဝဝ ကျပ်ဖြင့် ရောင်းချကြပြီး ယခုနှစ်တွင် ငွေ ၅၀ဝဝ ကျပ်အထိ တိုးမြှင့်ရောင်းချလာကြကြောင်း သိရသည်။                         (မိုးယံထက်)






အခြားဆက်စပ်သတင်းများ