နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် တစ်ရက်တာ လူနာသစ်တွေ့ရှိမှု စံချိန်သစ်တင်

အောက်တိုဘာ  ၃၁၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် အမေရိကန်ပြည်နယ် ဒါဇင်ပေါင်းများစွာ၌ COVID-19 လူနာသစ်များ မြင့်တက်လာခဲ့ရာ ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်နိုင်ငံတွင် လူနာသစ် အနည်းဆုံး ၉၄၀၀၀ ရှိခဲ့ပြီး တစ်ရက်တာ လူနာသစ် တွေ့ရှိမှု စံချိန်သစ် တင်ခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့ကလည်း အမေရိကန်နိုင်ငံတွင် COVID-19 လူနာသစ် ၉၁၀၀၀ ကျော်ရှိခဲ့ရာ နှစ်ရက်ဆက်တိုက် တစ်ရက်တာ လူနာသစ်တွေ့ရှိမှု စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ 

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၉ သန်းကျော် ရှိနေပြီး ၂၂၉၀၀၀ ကျော် သေဆုံးခဲ့သည်။ လာမည့်အင်္ဂါနေ့တွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့ ယှဉ်ပြိုင်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၂၁ ခုတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု အဆိုးရွားဆုံး ပြည်နယ်အချို့မှာ သမ္မတရွေးကောက်ပွဲအတွက် အဓိကအဆုံးအဖြတ်ပေးမည့် ပြည်နယ်များဖြစ်သည်။  ပြီးခဲ့သည့်သောကြာနေ့တွင်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ဝစ်ကိုဆင်ပြည်နယ်၌ နိုင်ငံရေးစုဝေးပွဲလုပ်ခဲ့ရာ ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုဆိုးရွားလာနိုင်သည်ဟု ဂရင်းဘေးမြို့မှ ဆေးရုံများက သတိပေးထားသည်။ 

'' များများစစ်လေ၊ များများတွေ့လေပါပဲ။ ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ စစ်ဆေးမှုအကောင်းဆုံး လုပ်နိုင်တဲ့ နိုင်ငံပါ။ သေဆုံးမှုနှုန်းလည်း ကျဆင်းလာပါပြီ"ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ မကြာသေးမီက ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးစုဝေးပွဲများတွင် တက်ရောက်သူများကို ခန္ဓာကိုယ်အပူချိန်တိုင်းတာစစ်ဆေးပြီး နှာခေါင်းစည်းများ ပေးခဲ့သည်။ ကပ်ရောဂါကြောင့် စုဝေးပွဲများကို လဟာပြင်တွင် ကျင်းပနေသော်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းမရှိဘဲ အချို့သူများက နှာခေါင်းစည်းမတပ်ဆင်ကြောင်း တွေ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ