နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်နိုင်ငံများတွင် ပြင်သစ်နိုင်ငံ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပ

အောက်တိုဘာ  ၃၁၊ အစ္စလာမ်မာဘတ်


အစ္စလာမ်အစွန်းရောက်ဝါဒကို ရန်လိုမုန်းတီးသည့် မှတ်ချက်စကားများကြောင့် ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်နိုင်ငံများမှ လူထောင်ပေါင်းများစွာက ပြင်သစ်နိုင်ငံအပေါ် ဒေါသထွက်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ပြီးခဲ့သည့်သောကြာနေ့က ဝတ်ပြုပွဲအပြီးတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လက်ဘနွန်နှင့် အခြားနိုင်ငံများတွင် ပြင်သစ်နိုင်ငံ ဆန့်ကျင်ရေးစုဝေးပွဲများ ကျင်းပခဲ့သည်။ ဆန္ဒပြသူများက ပြင်သစ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်ကို ရှုတ်ချခဲ့သည်။ 

ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ ပြင်သစ်နိုင်ငံ နိစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူသုံးဦး အသတ်ခံရမှု စသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်က အစ္စလာမ်ဘာသာမှာ ပြဿနာရှိနေသည့် ဘာသာဟု ပြောခဲ့ပြီး မဂ္ဂဇင်းများတွင် တမန်တော် မိုဟာမက်ပုံ ကာတွန်းများ ရေးဆွဲဖော်ပြခွင့်ကို ကာကွယ်ပေးသွားမည်ဟု ဆိုခဲ့သည်။ ထို့နောက်တွင် မွတ်စလင်နိုင်ငံအများအပြားက မက်ခရွန်ကို ပစ်မှတ်ထား ဝေဖန်ခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံတွင် အစ္စလာမ်မာဘတ်မြို့ရှိ ပြင်သစ်သံရုံးသို့ ချီတက်ခဲ့ကြသည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ဖြင့် လူစုခွဲခဲ့ကြသည်။ သို့သော် ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့၏ အတားအဆီးများကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့တွင်လည်း ဆန္ဒပြသူများက မက်ခရွန်၏ ပုံတူကို ထိုးကြိတ်ရိုက်နှက်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ပြီး မက်ခရွန်မှာ အစ္စလာမ်မုန်းတီးသူတစ်ယောက်ဟု ရေးဆွဲဖော်ပြခဲ့ကြသည်။                                   Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ