နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိမိအသုံးပြုနေသည့် HUAWEI ဖုန်းများကို ချိုသာသောစျေးနှုန်းတို့ဖြင့် ပြုပြင်လဲလှယ်ခြင်းများ ဆောင်ရွက်နိုင်

အောက်တိုဘာ  ၃၀


HUAWEI nova 3e, nova 3i, nova 2i, GR5 2017 အစရှိသည့် ထွက်ရှိထားပြီး ကြာမြင့်နေပြီဖြစ်သည့် HUAWEI သုံးစွဲနေသူများအတွက် ကြာမြင့်နေပြီဖြစ်သည့် HUAWEI ဖုန်းများ၏ ရှေ့မျက်နှာပြင်၊ နောက်မျက်နှာပြင်၊ စက်ပြား၊ ဘက်ထရီ စသည်တို့ကို သက်သာသောနှုန်းထားများဖြင့် ပြုပြင်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း HUAWEI  ပေ့ချ်တွင် ဖော်ပြပေးထားသည်။

သုံးစွဲသူများအတွက် ပိုမိုစိတ်ကျေနပ်မှုရှိစေရန်အတွက် အထူးဈေးနှုန်းခံစားခွင့် အပိုပစ္စည်းအမျိုးအစား များကို ထပ်တိုးပေးထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကာလမှာ ဇူလိုင် ၂၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ အလွန်သက်သာသည့်ဈေးနှုန်းဖြင့်  မိမိအသုံးပြုနေသည့်ဖုန်းလေးကို အသစ်တဖန်ပြန်လည် တောက်ပစေနိုင်မည်ဖြစ်သည်။ ပစ္စည်းအရေအတွက် အကန့်အသတ်ထားရှိမှုလည်း ရှိနေသေးသည်။ 

အပိုပစ္စည်းကျသင့်ငွေ (လက်ခပါဝင်ပြီး) ဈေးနှုန်းများမှာ ရှေ့မျက်နှာပြင် - (၂၀,၀၀၀) ကျပ်၊ နောက်မျက်နှာပြင် - (၁၀,၀၀၀) ကျပ် စက်ပြား - (၃၀,၀၀၀) ကျပ်၊ ဘက်ထရီ - (၁၅,၀၀၀) ကျပ် တို့ ကျသင့်မည်ဖြစ်ပြီး အထူးလျှော့ဈေးတွင်ပါဝင်သည့် ဖုန်းအမျိုးအစားများနှင့် အသေးစိတ်အချက်လက်များ သိလိုပါက ဖော်ပြပါလင့်ခ် (https://consumer.huawei.com/mm/support/discounted-repair/) ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ