အောက်တိုဘာ ၃၀၊ ဝါရှင်တန်
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အရေးပါသည့် ဖလော်ရီဒါပြည်နယ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့ နိုင်ငံရေးစုဝေးပွဲများ အပြိုင်အဆိုင် ကျင်းပခဲ့သည်။ '' ခင်ဗျားတို့ရဲ့ ပါဝါရှိပါတယ်။ ဖလော်ရီဒါပြည်နယ်ကသာ အပြာ ( ဒီမိုကရက်တစ်ပါတီ)ဘက်ကို ထောက်ခံမယ်ဆိုရင် ပွဲပြီးပါပြီ''ဟု ဂျိုးဘိုင်ဒင်က ပြောသည်။
ယင်း၏လက်ထက်တွင် စီးပွားရေးကိန်းဂဏန်းအချက်အလက်များ အားကောင်းလာခြင်းကို ဒေါ်နယ်ထရမ့်က ဂုဏ်ယူစွာ ပြောကြားခဲ့ပြီး '' ဂျိုးဘိုင်ဒင်က ခင်ဗျားတို့ကို ပိတ်ဆို့မှုလုပ်တော့မှာ'' ဟု ပြောခဲ့သည်။ သမ္မတရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့ချိန်တွင် နိုင်ငံတစ်ဝန်း သဘောထားအမြင် ကောက်ခံမှုအရ ဂျိုးဘိုင်ဒင်မှာ သိသိသာသာ အသာစီးရနေသည်။
သို့သော် ဂျိုးဘိုင်ဒင်၏ အသာစီး ရယူမှုမှာ ဖလော်ရီဒါပြည်နယ်ကဲ့သို့ အကြိတ်အနယ်ပြိုင်ရမည့် ပြည်နယ်များတွင် အာမခံချက်မရှိပေ။ လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံတွင် ကြိုတင်မဲပေးသူ ၈၁ သန်းကျော် ရှိနေပြီး ၅၂ သန်းမှာ စာတိုက်မှတစ်ဆင့် မဲပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ အမေရိကန်နိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်အတွင်း မဲပေးမှုနှုန်းအများဆုံး စံချိန်တင်ဖွယ်ရှိနေသည်။
ဖလော်ရီဒါပြည်နယ်မှာ ဒေါ်နယ်ထရမ့်အတွက် မဖြစ်မနေ အနိုင်ရရန် လိုအပ်သည့် ပြည်နယ်ဖြစ်ပြီး သဘောထားအမြင်ကောက်ခံမှုအရ ဂျိုးဘိုင်ဒင်ထက် ၁ ဒသမ ၄ မှတ် နည်းနေကြောင်း တွေ့ရသည်။
Ref:BBC(KNT)