နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုမှုများဖြစ်ပွားပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံး

 အောက်တိုဘာ  ၃၀၊ ဟနွိုင်း


အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း မိုလေ့ (Molave)ကြောင့် ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဒါနန်မြို့အနီးရှိ ကမ်းရိုးတန်းသို့ တိုင်ဖွန်းမုန်တိုင်း မိုလေ့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသက်လေပြင်း ကျရောက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် နေထိုင်သူတစ်သန်းကျော်မှာ  မုန်တိုင်းဘေးသင့်ခဲ့သည်။


မိုလေ့မုန်တိုင်းကြောင့် တစ်နာရီ လေတိုက်နှုန်း ၈၅ မိုင်အထိ ရှိခဲ့ပြီး လေပြင်းမတိုက်မီ လူ ၃၇၅၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ဝေးလံခေါင်သီသည့် ဗီယက်နမ်ရွာများတွင် မြေပြိုမှုအများအပြား ဖြစ်ပွားခဲ့ရာ မုန်တိုင်းထွက်သွားပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ရှင် ကျန်ရစ်သူများကို တက်သုတ်ရိုက် ရှာဖွေလျက်ရှိသည်။


ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကွမ်နမ်ပြည်နယ်ရှိ ရွာသုံးရွာတွင် ရွှံ့များထဲမှ အနည်းဆုံး ရုပ်အလောင်း ၁၉ လောင်းကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ခဲ့သည်။ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးပေ။ အချို့သတင်းများတွင် ဖော်ပြချက်အရ သေဆုံးသူအရေအတွက်မှာ ၁၉ ဦးမကရှိပြီး အနည်းဆုံး ပျောက်ဆုံးသူ ၄၀ ကျော်ရှိသည်ဟု ဆိုသည်။ ရာသီဥတုဆိုးရွားမှုကြောင့် နှောင့်နှေးနေသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် စက်ပစ္စည်းကြီးများနှင့် စစ်သည်ရာပေါင်းများစွာကို မုန်တိုင်းသင့်ဒေသသို့ စေလွှတ်ထားသည်။                                                                                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ