ရန်ကုန် ဧပြီ ၃၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်သည် ဧပြီလ ၂၉ ရက်က ပြည်သူ့ကျန်းမာရေးနှင့် စျေးများ လုပ်ငန်းတာဝန်ခံ အဖွဲ့(စျေးနှင့်ကုန်စည်ပွဲရုံများ)မှတာဝန်ရှိသူများနှင့်အတူ ညနေ ၅နာရီက ဗိုလ်တထောင်မြို့နယ်၊ ချမ်းမြေ့စျေးသို့သွားရောက်၍ ၃၈လမ်းမှ ပျံကျစျေးသည်များအားနေရာချထားမှု၊ စျေးရောင်းချနေမှု အခြေအနေများအားစစ်ဆေးခဲ့ပြီး ၆နာရီ အချိန်တွင် ရွှေပိတောက် ငါးစျေးသို့သွားရောက်ကာ စျေးရောင်းဝယ်နေမှုများအား စစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့သည်။
မိုးမြင့်မောင်