တောင်ကုတ် ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီနှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက်တွင် အချိန်အပိုင်းအခြားသတ်မှတ်ကာ တောင်ကုတ်မြို့နယ်၊ ဒုံကျေးရွာအုပ်စု၊ ဒုံကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေ ကျပ်သန်း ၁၀ ဒသမ ၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သန်း ၁ ဒသမ ၀၃၀ ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်ဘီးနင်းလမ်းခင်းခြင်း ၂(၉၅၀' x ၃' x ၆') လုပ်ငန်းဆောင်ရွက်မှုနေနှင့် ခူးကျေးရွာအုပ်စု၊ ချောင်းသုံးခွကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေ ကျပ်သန်း ၁၀ ဒသမ ၀၀ နှင့် ပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သန်း ၁ ဒသမ ၆၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသည့်ကျေးရွာတွင်း ကွန်ကရစ်ဘီးနင်း လမ်းခင်းခြင်း ၂(၁၀၀၀' x ၃' x ၆') လုပ်ငန်းများ၊ ရန်မျိုးကျေးရွာအုပ်စု၊ ဆားဒုံဗွေကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေ ကျပ်သန်း ၁၀ ဒသမ ၀၀ နှင့် ပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သန်း ၁ ဒသမ ၆၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ဘီးနင်းလမ်းခင်းခြင်း ၂(၁၀၀၀' x ၃' x ၆') လုပ်ငန်းများအား စစ်ဆေးစဉ်။
ဦးအောင်လှဖြူ(ရမ်းဗြဲ)