နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံသားများဘဏ် MCB က ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော Medical Healthcare ဝန်ထမ်းများအတွက် ပံ့ပိုးကူညီ

ရန်ကုန်   ဧပြီ  ၂၉

မြန်မာနိုင်ငံသားများဘဏ် MCB သည်  COVID-19 ၏ ရောဂါကာကွယ်ရန် ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဝန်ထမ်းများကို လေးစားသည့်အနေဖြင့် အံ့သြဖွယ်လုပ်ဆောင် မှုများကို အသိအမှတ်ပြုသောအားဖြင့် မြန်မာနိုင်ငံ၏အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများတွင် တာဝန်ထမ်းဆောင် နေသော ဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများအတွက် ၁၂လအတွင်း မည်သည့်ဘဏ် လုပ်ငန်းဝန်ဆောင်မှုများအတွက်မဆို ဝန်ဆောင်ခအခမဲ့အပြင်စုငွေ/အပ်ငွေစာရင်း (Saving Deposit) နှင့်အချိန် ပိုင်းအပ်ငွေစုငွေစာရင်းသစ် (Fixed Deposit) အပ်နှံပါက အတိုးနှုန်း၁ ဒသမ ၅ ရာခိုင်နှုန်းကို ထပ်ဆောင်းပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အထူးအတိုးနှုန်းခံစားခွင့်အနေဖြင့် စာရင်းသေအပ်ငွေ (Fixed Deposit) ၉ လအတွက် ၉ ဒသမ ၇၅ ရာခိုင်နှုန်းအတိုးနှုန်း၊ စာရင်းသေအပ်ငွေ (Fixed Deposit) ၆လအတွက်၉.၅ရာခိုင်နှုန်းအတိုးနှုန်း၊ စာရင်းသေ အပ်ငွေ (Fixed Deposit) တစ်လအတွက်၉ရာခိုင်နှုန်းအတိုးနှုန်းနှင့် ငွေစုအပ်ငွေ (Savings Deposit) အတွက်အတိုး ၈.၂၅ရာခိုင်နှုန်းအတိုးနှုန်းတို့ ခံစားခွင့်ရရှိမည်ဖြစ်သည်။           

(NWA)






အခြားဆက်စပ်သတင်းများ