နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလ Microsoft Teams သုံးစွဲမှု ပိုမိုမြင့်တက်လာ

အောက်တိုဘာ  ၂၉


COVID-19 ကပ်ကာလအတွင်း Microsoft Teams နှင့် အွန်လိုင်းရုပ်သံတွေ့ဆုံမှုလုပ်သူဦးရေသည် ဆက်တိုက်မြင့်တက်လာခဲ့သည်။  Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာနာဒဲလာ၏ပြောကြားချက်အရ Microsoft Teams နေ့စဉ်သုံးစွဲသူဦးရေသည် ၁၁၅ သန်းအထိ ရှိလာသည်။ ပြီးခဲ့သည့် ၆ လနီးပါးက Microsoft မှ ထုတ်ဖော်ပြောကြားခဲ့သည့် ၇၅ သန်းပမာဏကနေ မြင့်တက်လာကြောင်း  The Verge သတင်းက ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း Teams  များ ပိုတိုးလာနေကြောင်း Microsoft က ပြောထားသည်။ Microsoft သည် အစည်းအဝေးထိုင်သူအချင်းချင်း Virtual ဘေးတိုက်ထိုင်နေသကဲ့သို့ ဒီဇိုင်းထုတ်ထားသည့် Together Mode သစ်လည်း မိတ်ဆက်ထားသည်။ NBA သည် ဘတ်စကတ်ဘောဂိမ်းပွဲများတွင် Microsoft ၏ Together Mode သစ်ကို အသုံးပြုနေသည်။ 

Microsoft Teams အနေဖြင့် ရလဒ်ကောင်းများပြနေသော်လည်း ပြိုင်ဘက် Video Conferencing Tools များနှင့် အရေအတွက်ချင်း ယှဉ်ရခက်သည်။ Zoom နှင့် Google တို့၏ နေ့စဉ်ပုံမှန် ပါဝင်သုံးစွဲသူအရေအတွက် မှာ သုံးစွဲသူတစ်ဦးသည် တစ်နေ့ထဲတွင် အစည်းအဝေးအမျိုးမျိုးကို အကြိမ်ပေါင်းများစွာ ဝင်နိုင်သည်ကိုလည်း ထည့်တွက်ထားသည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းထုတ်ပြန်ချက်အရ Google Meet ကို နေ့စဉ်သုံးစွဲသူ သန်း ၁၀၀ နှင့် Zoom တွင် သန်း ၃၀၀ အထိရှိကြောင်း ထုတ်ပြန်ထားသည်။ Slack ကလည်း သုံးစွဲသူဦးရေ တက်လာကြောင်း ထုတ်ပြန်ထားသည်။ 

(WP)






အခြားဆက်စပ်သတင်းများ