နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယားစစ်တပ်၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးဟု အဇာဘိုင်ဂျန်နိုင်ငံ စွပ်စွဲ

အောက်တိုဘာ ၂၉၊ ယီရီဗန်


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ အာမေးနီးယားစစ်တပ်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး အရပ်သား ၂၁ ဦး သေဆုံးခဲ့ကြောင်း အဇာဘိုင်ဂျန်နိုင်ငံက စွပ်စွဲခဲ့သည်။ တိုက်ပွဲများဖြစ်ပွားရာနေရာနှင့် အလှမ်းမဝေးသည့် အဇာဘိုင်ဂျန်နိုင်ငံ ဘာဒါမြို့သို့ ဒုံးကျည်ကျရောက်ခဲ့ခြင်းဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းများက ဖော်ပြသည်။


သို့သော် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဟု အာမေးနီးယားနိုင်ငံက ငြင်းဆန်ခဲ့ပြီး အဆိုပါဒေသရှိ မီးဖွားဆောင်ကို အဇာဘိုင်ဂျန်နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နာဂါနို-ကရာဘတ်ဒေသတွင် စက်တင်ဘာလ ၂၇ ရက်မှစတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။


နာဂါနို-ကရာဘတ် တောင်တန်းဒေသမှာ အဇာဘိုင်ဂျန်နိုင်ငံ၏ တရားဝင် ပိုင်နက်နယ်မြေဖြစ်သော်လည်း အာမေးနီးယားမျိုးနွယ်များက ထိန်းချုပ်ထားသည်။ အဆိုပါတိုက်ခိုက်မှုမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်ပြီး အာမေးနီးယားအစိုးရအနေဖြင့် တာဝန်ယူသင့်သည်ဟု အဇာဘိုင်ဂျန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ