ရန်ကုန် ဧပြီ ၂၉
တောင်ဥက္ကလာပမြို့နယ်ရှိ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်(ပါရမီ)မှ YBS ယာဉ်လိုင်း ၁၂၊ ၁၃၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅ အစရှိသည့် ယာဉ်လိုင်း ၇ လိုင်းကိုယာဉ်အစီးရေ ၃၁၄ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး ပါရမီ ကားဝင်း၌ YBS ၁၃၊ ၁၄၊ ၃၈၊ ၅၅ တို့ထားရှိကြောင်းသိရသည်။
ထို့ပြင် မော်တော်ယာဉ်လိုင်းများအား နေ့စဉ်နံနက် ၆ နာရီမှ စတင်ပြေးဆွဲပေးလျက်ရှိပြီး ရုံးတက်၊ ရုံးဆင်းချိန်များတွင် (၁)နာရီကို မော်တော်ယာဉ်သုံးစီးနှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မော်တော်ယာဉ်များအားလုံး ပြေးဆွဲနိုင်ခြင်းမရှိဘဲ ပြည်သူများသွားလာမှု အဆင်ပြေစေရန် မော်တော်ယာဉ်အချို့သာ ပြေးဆွဲလျက်ရှိသည်။ ထိုသို့ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်များ အား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် ကားဝင်းအဝင်အထွက်၌ နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပညာပေး ခြင်းများ စနစ်တကျ ပြုလုပ်ပြီးမှသာ ပြေးဆွဲခွင့်ပြုလျက်ရှိကြောင်း သိရသည်။
နေထက်အောင်