နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေဟု မာတီနက်ဇ် ပြော

အောက်တိုဘာ   ၂၈


အင်တာမီလန်အသင်းတိုက်စစ်မှူး မာတီနက်ဇ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားသွားရန် ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက မာတီနက်ဇ်ကို ကမ်းလှမ်းမှုများပြုလုပ်ခဲ့ သော်လည်း အင်တာမီလန်အသင်း၏ သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးပမာဏကို ပေးချေနိုင်ခြင်းမရှိသည့် အတွက် ယင်းကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး ဆွာရက်ဇ်ကို ရောင်းချခဲ့ပြီးနောက်ပိုင်း အသင်းတွင် တိုက်စစ်မှူး နေရာကို အစားထိုးနိုင်ခြင်းမရှိသေးဘဲ အသင်းခေါင်းဆောင် မက်ဆီမှာလည်း ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိသောကြောင့် တိုက်စစ်မှူးတစ်ဦးလိုအပ်နေသည်။

ဘာစီလိုနာအသင်းအနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်း၏ လိုအပ်နေသော တိုက်စစ်ကို ဖြည့်တင်းနိုင်ရန်အတွက် မာတီနက်ဇ်ကိုခေါ်ယူရန် ပစ်မှတ်ထားနေသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ