ရန်ကုန် ဧပြီ ၂၉
ဧပြီ ၂၉ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ Media Corner၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ရုံးအကြီးအမှူးနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်