နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကို တားဆီးရန် ရုရှားနိုင်ငံတွင် တင်းကျပ်သည့်စည်းမျဉ်းများ ထုတ်ပြန်

အောက်တိုဘာ ၂၈၊ မော်စကို


COVID-19 ရောဂါ ကူးစက်မှု မြင့်တက်လာခြင်းကို တားဆီးရန်အတွက် ရုရှားနိုင်ငံတွင် တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး အများပြည်သူ ပို့ဆောင်ရေးစနစ်အပါအဝင် လူထူထပ်သည့် နေရာအားလုံးတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် ထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံ၏ စားသုံးသူကျန်းမာရေး စောင့်ကြည့်သည့်အဖွဲ့ကလည်း ည ၁၁ နာရီမှ နံနက် ၆ နာရီကြားကာလအတွင်း ဘားများနှင့် စားသောက်ဆိုင်များကို ပိတ်ပစ်ရန် ဒေသဆိုင်ရာ အစိုးရအဖွဲ့များကို အကြံပြုထားသည်။


ပြီးခဲ့သည့်အင်္ဂါနေ့က ရုရှားနိုင်ငံတွင် COVID-19 ရောဂါကြောင့် တစ်ရက်တာ လူသေဆုံးမှုစံချိန်အဖြစ် လူ ၃၂၀ သေဆုံးခဲ့သည်။
ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ရုရှားနိုင်ငံတွင် ရောဂါကူးစက်မှုသစ် ၁၇၃၄၇ ခု ဖြစ်ပွားခဲ့သည်။ ရုရှားနိုင်ငံမှာ အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့ပြီးနောက် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်မှု စတုတ္ထအများဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂၆၄၀၀ ကျော် ရှိနေသည်။


ရုရှားနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၃ ပုံ၊ ၁ ပုံမှာ မော်စကိုမြို့မှဖြစ်သည်။ သို့သော် မော်စကိုမြို့မှ ရောဂါကူးစက်မှုများမှာ အခြားဒေသများသို့ ကူးစက်ပြန့်ပွားလျက်ရှိသည်ဟု ယခုရက်သတ္တပတ်အစောပိုင်းတွင် ကရင်မလင်နန်းတော်က သတိပေးခဲ့သည်။ ဥရောပတိုက်ရှိ အခြားနိုင်ငံများတွင်လည်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ မြင့်တက်လျက်ရှိပြီး စည်းမျဉ်းသစ်များ ထုတ်ပြန်ထားရသည်။ ရုရှားနိုင်ငံမှာ ပြီးခဲ့သည့် နွေဦးကာလက COVID-19 ပထမလှိုင်း ဖြစ်ပွားခဲ့ချိန်ကလည်း အလားတူစည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်လတွင် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ