နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံ ဘာသာရေးကျောင်းတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၍ အနည်းဆုံး လူ ၇ ဦး သေဆုံး

အောက်တိုဘာ ၂၈၊ အစ္စလာမ်မာဘတ်


ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ရှိ ဘာသာရေးကျောင်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများမှာ အသက် ၂၀ မှ ၃၀ ကြားအရွယ်ရှိသူများဖြစ်ကြောင်း ဆေးရုံအရာရှိများက ပြောသည်။


အသက် ၁၃ နှစ်အောက်အရွယ်ရှိသူ ၄ ဦးအပါအဝင် လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ကိုရမ်ကျမ်းစာသင်တန်းကို တိုက်ခိုက်ရသည့် အကြောင်းရင်းအား တိတိကျကျ မသိရသေးပေ။ အဆိုပါသင်တန်းတွင် ကျောင်းသား ရာပေါင်းများစွာ တက်ရောက်လေ့ရှိသည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ယင်းတို့၏ လက်ချက်ဟု ထုတ်ပြန်ခြင်းမရှိသေးပေ။


အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီးရှိ ပတ်ရှ်ဝါမြို့မှာ ပြီးခဲ့သည့်နှစ်များအတွင်း တာလီဘန်လက်နက်ကိုင် များ၏ အဆိုးရွားဆုံး ဆူပူအုံကြွမှုများ ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ လွန်ခဲ့သည့် ခြောက်နှစ်ကလည်း သေနတ်သမားများက ပတ်ရှ်ဝါမြို့ရှိ စစ်တပ်စာသင်ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၁၅၀ ကျော် သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ