နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်ကြက်ဝိုင်းကို ဝင်ဖမ်းခဲ့သည့် ဖိလစ်ပိုင်ရဲအုပ် ကြက်အတက်တွင် ချည်ထားသည့် ဓားသွားရှ၍ သေဆုံး

အောက်တိုဘာ ၂၈၊ မနီလာ


ဖိလစ်ပိုင်နိုင်ငံတွင် တရားမဝင် ကြက်ဝိုင်းကို ဝင်ဖမ်းခဲ့သည့် ရဲအရာရှိတစ်ဦးမှာ ကြက်အတက်မှာ ချည်ထားသည့် ဓားသွားရှ၍ အသက်ဆုံးရှုံးခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း နော့သမ်းဆာမာပြည်နယ်တွင် တရားမဝင် ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ဖမ်းခဲ့ပြီး ရဲအုပ် ဘိုလော့က တရားမဝင်ကြက်ဝိုင်း၏ သက်သေခံအဖြစ် တိုက်ကြက်တစ်ကောင်ကို ပွေ့ဖမ်းခဲ့ရာ ကြက်အတက်တွင် ချည်ထားသည့် ဓားသွားက ယင်း၏ဘယ်ဘက်ပေါင်ကို ရှမိခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ပေါင်သွေးကြော ပြတ်သွားသည့် ရဲအုပ်ကို ဆေးရုံတင်ပို့ခဲ့သော်လည်း ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့သည်။


ဖိလစ်ပိုင်နိုင်ငံတွင် ကြက်ဝိုင်းများကို လူကြိုက်များလေ့ရှိပြီး လောင်းကြေးထပ်လေ့ရှိသည်။ တိုက်ကြက်များ၏ အတက်တွင် ချွန်မြနေသည့် ဓားသွားများကို ချည်ထားလေ့ရှိသည်။ တနင်္ဂနွေနေ့နှင့် အားလပ်ရက်များတွင် တရားဝင်ကြက်ဝိုင်းများကို ခွင့်ပြုပေးလေ့ရှိသော်လည်း COVID-19 ကပ်ရောဂါကာလ တွင် လူစုလူဝေးလုပ်ခွင့်မရှိလို့ ကြက်ဝိုင်းများကိုလည်း ပိတ်ပင်ထားသည်။


ရဲအုပ် ဘိုလော့ ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကြက်ဝိုင်းမှ ကြက်တိုက်သူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး တိုက်ကြက် ၇ ကောင်၊ ကြက်အတပ်တွင်ချည်သည့် ဓားသွား ၂ ချောင်း၊ ပီဆိုငွေ ၅၅၀ ( အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ) သိမ်းဆည်းရမိခဲ့သည်။ နောက်ထပ်ကြက်တိုက်သူ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရ၏ PNA သတင်းဌာနတွင် ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ